ဝါဆိုလပြည့်နေ့လေးမှာ ဘုန်းဘုန်းကြီးတွေကို ဝါဆိုသင်္ကန်းကပ်လှူပြီး ကုသိုလ်ယူခဲ့တဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူ
Posted on
ဝါဆိုလပြည့်နေ့လေးမှာ ဘုန်းဘုန်းကြီးတွေကို ဝါဆိုသင်္ကန်းကပ်လှူပြီး ကုသိုလ်ယူခဲ့တဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူပရိသတ်တွေချစ်တဲ့ မင်းသားချော မြင့်မြတ်က နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ရိုးရှင်းပြီး အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်က (၂၀၁၇)ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေး မြတ်သူကလည်း ချစ်မွှေးပါပြီး အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက် ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ မြင့်မြတ်ရဲ့သားလေး မြတ်သူက မြောက်ဒဂုံမြို့နယ်ရှိ ဒဂုံသီရိပရိယတ္တိစာသင်တိုက်မှာ ဆရာတော်ဘုရားကြီးတွေကို ဘုန်းဘုန်းကြီးတွေကို ဝါဆိုသင်္ကန်းကပ်လှူပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သားလေးမြတ်သူကို အခုကတည်းက ဘာသာရေးကိုင်းရှိုင်းတတ်အောင် ပုံစံသွင်းပေးနေတာပဲ ဖြစ်ပါတယ်။မြင့်မြတ်ရဲ့ သားလေး မြတ်သူကတော့ လပြည့်နေ့မှာ ကုသိုလ်တွေယူပြီး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့သားလေး မြတ်သူကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။
Source: Myat Wai Tun’s fb
Bilie – Cele Connection
Zawgyi code
Bilie – Cele Connection