အွန်လိုင်းပရဟိတဈေးရောင်းပွဲတော်လုပ်ပြီး ဖားကန့်က နစ်နာသူတွေကို ကူညီပေးသွားမယ့်ဖိုးချစ်

Posted on

အွန်လိုင်းပရဟိတဈေးရောင်းပွဲတော်လုပ်ပြီး ဖားကန့်က နစ်နာသူတွေကို ကူညီပေးသွားမယ့်ဖိုးချစ်ပရိသတ်ရဲ့အချစ်တော်ဖိုးချစ်ကတော့ အသက်ငယ်ပေမယ့် ဦးဆောင်နိုင်စွမ်းနဲ့စိတ်အားထက်သန်မှုတို့ကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ်တာဝန်ပေးခြင်းခံထားရသူတစ်ယောက်ပါ။ ကိုဗစ်ကာလစတင်ကတည်းက သဘင်သည်တွေရဲ့အခက်အခဲကို တတ်နိုင်သမျှဖြေရှင်းပေးနေသလို အခုတစ်ခါမှာလည်း ဖားကန့်မြေပြိုမှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေကို ကူညီပေးဦးပါမယ်တဲ့ ပရိသတ်ကြီးရေ…ဖားကန့်မှော်တွေထဲမှာတော့ နှစ်စဉ်မြေပြိုမှုကြောင့် လူရာပေါင်းများစွာအသက်ပေးနေရပြီး လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့် ၊ ဝှေခါမှော်အတွင်းမှာ ဖြစ်ခဲ့တဲ့မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်းသေဆုံးခဲ့ရတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဖိုးချစ်ကတော့ သူတို့ကိုကူညီဖို့အတွက် အစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်းကို ” ဖားကန့်မှာ မြေစာပုံပြိုလို့ ထိခိုက်သွားကြရတဲ့ သွေးရင်းသားရင်းများအတွက် online ပရဟိတ ဈေးရောင်းပွဲတော် ကျင်းပပါမယ်ဗျာ… အရင်းများကိုစိုက်ထုတ်ပြီး ရောင်းရသမျှအားလုံးကို လှူဒါန်းပေးသွားပါ့မယ်နော်… ကိုယ်ရှင်သန်နေတာ အများအတွက် ဖြစ်စေချင်ပါတယ်… အားလုံး အနုပညာညီအကိုမောင်နှမတွေ… ကိုယ်တိုင်ပေးပို့ ရောင်းချသွားကြမယ်…. အသေးစိတ် ကြေညာပေးပါ့မယ်ဗျာ ကျွန်တော်တို့လက်ရာလေးတွေ စားရင်း ကုသိုလ်ယူနိုင်ကြပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြလာပါတယ်။ပရိသတ်ကြီးရေ… “ကိုယ်ရှင်သန်နေတာ အများအတွက်ဖြစ်ချင်တယ်” ဆိုတဲ့ရည်ရွယ်ချက်လေးကို လက်ကိုင်ထားတဲ့ဖိုးချစ်ကတော့ မြန်မာပြည်သူတစ်ရပ်လုံးကိုဝမ်းနည်းစေခဲ့တဲ့ ဖားကန့်မြေပြိုမှုက နစ်နာခဲ့သူတွေကို အွန်လိုင်းပရဟိတဈေးရောင်းပြီး ကူညီပေးသွားမှာမို့ အားပေးလိုက်ကြပါဦးနော်။

Source – Phoe Chit
Rainbow- Cele Gabar

Zawgyi code

အြန္လိုင္းပရဟိတေဈးေရာင္းပြဲေတာ္လုပ္ၿပီး ဖားကန္႔က နစ္နာသူေတြကို ကူညီေပးသြားမယ့္ဖိုးခ်စ္ပရိသတ္ရဲ႕အခ်စ္ေတာ္ဖိုးခ်စ္ကေတာ့ အသက္ငယ္ေပမယ့္ ဦးေဆာင္ႏိုင္စြမ္းနဲ႔စိတ္အားထက္သန္မႈတို႔ေၾကာင့္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးရဲ႕ ဥကၠဌအျဖစ္တာဝန္ေပးျခင္းခံထားရသူတစ္ေယာက္ပါ။ ကိုဗစ္ကာလစတင္ကတည္းက သဘင္သည္ေတြရဲ႕အခက္အခဲကို တတ္ႏိုင္သမွ်ေျဖရွင္းေပးေနသလို အခုတစ္ခါမွာလည္း ဖားကန္႔ေျမၿပိဳမႈေၾကာင့္ ထိခိုက္နစ္နာခဲ့ရတဲ့သူေတြကို ကူညီေပးဦးပါမယ္တဲ့ ပရိသတ္ႀကီးေရ…ဖားကန္႔ေမွာ္ေတြထဲမွာေတာ့ ႏွစ္စဥ္ေျမၿပိဳမႈေၾကာင့္ လူရာေပါင္းမ်ားစြာအသက္ေပးေနရၿပီး လြန္ခဲ့တဲ့ရက္ပိုင္းကလည္း ဖားကန္႔ ၊ ေဝွခါေမွာ္အတြင္းမွာ ျဖစ္ခဲ့တဲ့ေျမၿပိဳမႈေၾကာင့္ လူႏွစ္ရာထက္မနည္းေသဆုံးခဲ့ရတာကိုေတာ့ ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ။ ဖိုးခ်စ္ကေတာ့ သူတို႔ကိုကူညီဖို႔အတြက္ အစီအစဥ္ေလးတစ္ခုျပဳလုပ္ထားေၾကာင္းကို ” ဖားကန္႔မွာ ေျမစာပုံၿပိဳလို႔ ထိခိုက္သြားၾကရတဲ့ ေသြးရင္းသားရင္းမ်ားအတြက္ online ပရဟိတ ေဈးေရာင္းပြဲေတာ္ က်င္းပပါမယ္ဗ်ာ… အရင္းမ်ားကိုစိုက္ထုတ္ၿပီး ေရာင္းရသမွ်အားလုံးကို လႉဒါန္းေပးသြားပါ့မယ္ေနာ္… ကိုယ္ရွင္သန္ေနတာ အမ်ားအတြက္ ျဖစ္ေစခ်င္ပါတယ္… အားလုံး အႏုပညာညီအကိုေမာင္ႏွမေတြ… ကိုယ္တိုင္ေပးပို႔ ေရာင္းခ်သြားၾကမယ္…. အေသးစိတ္ ေၾကညာေပးပါ့မယ္ဗ်ာ ကြၽန္ေတာ္တို႔လက္ရာေလးေတြ စားရင္း ကုသိုလ္ယူႏိုင္ၾကပါေစ” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝေဖာ္ျပလာပါတယ္။ပရိသတ္ႀကီးေရ… “ကိုယ္ရွင္သန္ေနတာ အမ်ားအတြက္ျဖစ္ခ်င္တယ္” ဆိုတဲ့ရည္႐ြယ္ခ်က္ေလးကို လက္ကိုင္ထားတဲ့ဖိုးခ်စ္ကေတာ့ ျမန္မာျပည္သူတစ္ရပ္လုံးကိုဝမ္းနည္းေစခဲ့တဲ့ ဖားကန္႔ေျမၿပိဳမႈက နစ္နာခဲ့သူေတြကို အြန္လိုင္းပရဟိတေဈးေရာင္းၿပီး ကူညီေပးသြားမွာမို႔ အားေပးလိုက္ၾကပါဦးေနာ္။Source – Phoe Chit
Rainbow- Cele Gabar