ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကျော်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေ
Posted on
ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကျော်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေအမြဲတမ်းဟာသတွေပြောပြီးပျော်ပျော်နေတတ်တဲ့ ကျော်ကျော်တစ်ယောက် အမဖြစ်သူနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါ တယ်။ အမကတော့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်နဲ့ ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်နေပေမယ့် ကျော်ကျော်ကတော့ လက်ရှိအချိန်ထိ FA ဖြစ်နေဆဲပါပဲ။ ဒါကိုလည်း ပရိသတ်တွေက ဝိုင်းဝန်းစနောက်ခဲ့ပါတယ်။ဒီလို စနောက်မှုတွေကို ” စောသေးလို့အကျောပေးထားတာ ” ဆိုပြီး ကျော်ကျော်က ပြန်လည် နောက်ပြောင်ခဲ့ပါသေးတယ်။ သူငယ်ချင်းသုံးယောက်ရဲ့ အခွီဗီဒီယိုတွေဟာလည်း ပရိသတ်တွေ ကြားမှာ အတော်လေးရေပန်းစားပြီး သုံးယောက်သားဟာလည်း အရမ်းကိုအတွဲညီတဲ့ ချစ်စရာ သူငယ်ချင်း တွေပါပဲ။အမနဲ့ပုံရိပ်လေးတွေကို ” မောင်နှမနှစ်ယောက်ပုံ မတင်ရတာကြာပြီ ” ဆိုပြီး ဝေမျှခဲ့တာပါ။ ကိုယ်တိုင်လည်းပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုလည်း အမြဲတမ်းပျော်ရွှင်ရအောင် ဖန်တီးပေးတဲ့ကျော်ကျော်တစ်ယောက် အချစ်ရေးမှာတော့ အမကိုလိုက်မမီနိုင်သေးပါဘူး။ ချစ်စရာမောင်နှမတွေရဲ့ ဖြူစင်တဲ့အပြုံးပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို အပျော်တွေ ကူးစက်စေနိုင်ခဲ့ပါတယ်။
Happy – Cele Zone
Photo – Kyaw Naing Oo
Zawgyi code
Photo – Kyaw Naing Oo