လောဘကြောင့် ရေမဆေးသမားများ သေဆုံးရဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြော

Posted on

လောဘကြောင့် ရေမဆေးသမားများ သေဆုံးရဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြောလူရာချီသေဆုံးခဲ့ရသည့် ဖားကန့် မြေပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးသမားများသည် လောဘကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြေပြိုကျသည့်နေရာသို့ လာရောက်စစ်ဆေးစဉ် မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဇွန်လ ၂၀ ရက်ကတည်းက (ဆက်မလုပ်ကြဖို့) သတိပေးထားပြီးပြီ။ လောဘပေါ့၊ လာပြီး ရှာကြတာ” ဟု ၎င်းက ပြောသည်။ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီခန့်တွင် ဝှေခါမှော်လုပ်ကွက် မြေပြိုကျမှုကြောင့် သေဆုံးသူ ၁၇၀ ဦးကျော် ရှိခဲ့ပြီး ဖားကန့်သမိုင်းတွင် လူအများဆုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မြေပြိုကျမှုများ ထပ်မံမဖြစ်စေရန် (သို့မဟုတ်) အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ရမည့် အစီအမံများကို လေ့လာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ‌ဆက်လက်ပြောဆိုသည်။မြေပြိုကျမှုဖြစ်စဉ်များ လျှော့ချပေးနိုင်ရန် ဒေသခံတို့၏ ပူးပေါင်းပါဝင်မှုအပေါ်လည်း မူတည်ကြောင်း ၎င်းက ဆိုသည်။

တစ်ပိုင်တစ်နိုင်လုပ်ကွက်များ အမြန်ဆုံးချထားပေးမည်ဆိုလျှင် ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုးများကို လျော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြိုကျခဲ့သည့် လုပ်ကွက်အပြင် ပြိုကျနိုင်သည့် နေရာများသို့လည်း သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး အချက်အလက်များ ရရှိစေရန် ဆက်လက်မေးမြန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

Credit : The Voice

Zawgyi code

ေလာဘေၾကာင့္ ေရမေဆးသမားမ်ား ေသဆုံးရဟု စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ ေျပာ

လူရာခ်ီေသဆုံးခဲ့ရသည့္ ဖားကန႔္ ေျမၿပိဳက်မႈျဖစ္စဥ္တြင္ ေရမေဆးသမားမ်ားသည္ ေလာဘေၾကာင့္ ေသဆုံးရျခင္းျဖစ္ေၾကာင္း စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းက ေျပာၾကားသည္။

ဇူလိုင္လ ၅ ရက္ေန႔ နံနက္ပိုင္းတြင္ ေျမၿပိဳက်သည့္ေနရာသို႔ လာေရာက္စစ္ေဆးစဥ္ မီဒီယာမ်ားသို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

“ဇြန္လ ၂၀ ရက္ကတည္းက (ဆက္မလုပ္ၾကဖို႔) သတိေပးထားၿပီးၿပီ။ ေလာဘေပါ့၊ လာၿပီး ရွာၾကတာ” ဟု ၎က ေျပာသည္။

ဇူလိုင္လ ၂ ရက္ နံနက္ ၈ နာရီခန႔္တြင္ ေဝွခါေမွာ္လုပ္ကြက္ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၁၇၀ ဦးေက်ာ္ ရွိခဲ့ၿပီး ဖားကန႔္သမိုင္းတြင္ လူအမ်ားဆုံး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံတို႔က ဆိုသည္။

စုံစမ္းစစ္ေဆးေရးအဖြဲ႕အေနျဖင့္ ေျမၿပိဳက်မႈမ်ား ထပ္မံမျဖစ္ေစရန္ (သို႔မဟုတ္) အနည္းဆုံးျဖစ္ေစရန္ လုပ္ေဆာင္ရမည့္ အစီအမံမ်ားကို ေလ့လာသြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ‌ဆက္လက္ေျပာဆိုသည္။

ေျမၿပိဳက်မႈျဖစ္စဥ္မ်ား ေလွ်ာ့ခ်ေပးႏိုင္ရန္ ေဒသခံတို႔၏ ပူးေပါင္းပါဝင္မႈအေပၚလည္း မူတည္ေၾကာင္း ၎က ဆိုသည္။

တစ္ပိုင္တစ္ႏိုင္လုပ္ကြက္မ်ား အျမန္ဆုံးခ်ထားေပးမည္ဆိုလွ်င္ ယခုကဲ့သို႔ ေဘးအႏၲရာယ္ဆိုးမ်ားကို ေလ်ာ့ခ်ေပးႏိုင္မည္ျဖစ္ေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က ေျပာသည္။

စုံစမ္းစစ္ေဆးေရးအဖြဲ႕သည္ ၿပိဳက်ခဲ့သည့္ လုပ္ကြက္အျပင္ ၿပိဳက်ႏိုင္သည့္ ေနရာမ်ားသို႔လည္း သြားေရာက္ၾကည့္ရႈမည္ျဖစ္ၿပီး အခ်က္အလက္မ်ား ရရွိေစရန္ ဆက္လက္ေမးျမန္းသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီး ဦးအုန္းဝင္းက ေျပာၾကားသည္။

Credit : The Voice