ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာတဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ ဆက်ဆံရေး

Posted on

ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာတဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ ဆက်ဆံရေးအသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော်သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။Myanmar Idol အစီအစဉ်တွေမှာ အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ထားပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ ကျော်ထက်အောင်ကလည်း လက်ရှိမှာတော့ ရုပ်ရှင်မင်းသား တစ်ယောက်အနေနဲ့ရပ်တည်နေကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သရုပ်ဆောင်ပီပြင်လွန်းတာကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်တဲ့အထိပါပဲ။လွန်ခဲ့တဲ့ ရက်ကလည်း ကျော်ထက်အောင်ဟာ လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့တဲ့အကြောင်းကို “လူကြီးဆုံရာနဲ့စကားပြောဖြစ်တယ် သူလိုချင်နေတာ အလိုလိုသိတာမျိုး သဝန်တိုတာအရမ်းချစ်လို့ သူလုပ်ထားတဲ့ Brownie သူဖျော်တိုက်တဲ့ cafe သောက်ရင်း” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းနဲ့တွဲဖက်ရိုက်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားပါတယ်။ဒီနေ့မှာတော့ “မရတော့ဘူး…အရမ်းတွေ သဝန်တိုနေပါပြီ ဆိုလို့ ဒီနေ့သူ့ကိုသွားတွေ့ရသေးတယ်” ဆိုတဲ့ စာသားလေးနဲ့ စုံတွဲပုံလေးကို ဖြူဖြူက ကျော်ထက်အောင် ကို Tag တွဲပြီး တင်ခဲ့ပါတယ်။

ကျော်ထက်အောင်ကလည်း “မမဖြူက ကိုယ်သဝန်တိုတတ်တာသိတော့ ချက်ချင်းရောက်လာတယ်”လို့ ဆိုလိုက်ပြန်ပါတယ်။ပရိသတ်တွေကတော့ အခုလို ဓာတ်ပုံတင်တာတွေကို ကြည့်ပြီး ဖြူဖြူနဲ့ ကျော်ထက်အောင်ကြားက ဆက်ဆံရေးကို စိတ်ဝင်စား မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာ ပြောပြပေးသွားပါဦးနော် …