အခုချိန်ထိတိုင် ငယ်ရုပ်လေးမပျောက်သွားဘဲ ပန်းလေးတစ်ပွင့်လို နုနယ်လှပနေတဲ့ စိုးမြတ်နန္ဒာ

Posted on

အခုချိန်ထိတိုင် ငယ်ရုပ်လေးမပျောက်သွားဘဲ ပန်းလေးတစ်ပွင့်လို နုနယ်လှပနေတဲ့ စိုးမြတ်နန္ဒာစိုးမြတ်သူဇာ၊စိုးမြတ်ကလျာ၊စိုးမြတ်နန္ဒာတို့ ညီအစ်မသုံးယောက်ဟာဆိုရင် တစ်ခေတ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာခဲ့ကြသူတွေဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ မကြီးစိုးသာလျှင် အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကလျာနဲ့ဒါဒါတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာသွားခဲ့ပါပြီနော်။စိုးမြတ်နန္ဒာက မင်းသမီးပိုးထည်တိုက်ကိုလည်း ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။ စိုးမြတ်နန္ဒာက ဟိုးတစ်ခေတ်တုန်းက အရမ်းချစ်စရာကောင်းတဲ့မင်းသမီးလေးဖြစ်ပြီး ယနေ့အချိန်ထိတိုင် အဲ့ဒီအလှအပတွေက ကျန်ရစ်နေဆဲဖြစ်ပါတယ်။အခုချိန်မှာတော့ ကျက်သရေနဲ့ပြည့်စုံတဲ့ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားကို ပိုင်ဆိုင်ထားပြီး ငယ်ရုပ်လေးမပျောက်သွားပါဘူးနော်။ပရိသတ်တွေကလည်း ဒါဒါကို ဟိုးအရင်တုန်းကလိုပဲ အားပေးချစ်ခင်ကြပြီး တစ်ခဲနက်ဝန်းရံနေကြတာဖြစ်ပါတယ်။ စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရလေးတွေကို သူမတို့ရဲ့မေမေစိုးကြည်ဖြူက မျှဝေပေးနေကျဖြစ်ပါတယ်။အခုတစ်ခါမှာလည်း သမီးငယ်လေးရဲ့ ဖူးငုံသစ်စပန်းလေးတစ်ပွင့်လို အရမ်းလှနေတဲ့ ငယ်ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။ဒါဒါကလည်း ငယ်ငယ်ကတည်းက မျက်နှာဖူးဖူးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပြီး ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။Source&Photo Credit:Soe Kyi Phyu’s Facebook Account

Zawgyi code
