အိမ်ကိုဝင်ခိုးသွားတဲ့သူခိုးနှစ်ယောက်ကိုဖမ်းပေးရင် ထိုက်ထိုက်တန်တန်ဆုချမယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

Posted on

အိမ်ကိုဝင်ခိုးသွားတဲ့သူခိုးနှစ်ယောက်ကိုဖမ်းပေးရင် ထိုက်ထိုက်တန်တန်ဆုချမယ်ဆိုတဲ့ သင်ဇာဝင့်ကျော်မင်းသမီးတွေအတွက် အရင်းနှီးဆုံးမိတ်ဆွေဟာ သူတို့ရဲ့မိတ်ကပ်ဆရာတွေပါပဲ။ ဒီနေ့မှာလည်း သင်ဇာက သူမရဲ့မိတ်ကပ်ဆရာနှစ်ယောက်ကို အကြီးအကျယ်ဆေးထိုးလိုက်ပါတယ်။ သူမ အိမ်ကနေ ထွက်သွားတဲ့ သူသူအောင်နဲ့ စွာစွာကို သူခိုးပါလို့ အကျယ်ကြီး အော်ပြီး စနောက်ခဲ့တာပါ။ ဒီလို စနောက်ပြီးတော့လည်း သဘောတကျနဲ့ ရယ်နေပါသေးတယ်။သုံးယောက်သားက အရမ်းကိုရင်းနှီးပြီး အလုပ်အတူတူလုပ်တဲ့ လုပ်ငန်းပါတနာတွေဆိုတာ ထက် ညီမတွေလို ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီး နွေးထွေးကြပါတယ်။ အမြဲတမ်း သင်ဇာ့နောက်က တကောက်ကောက်လိုက်ပြီး သင်ဇာ့ရဲ့လှပမှုတွေကို တာဝန်ယူထားရသူတွေလည်း ဖြစ်ပါတယ်။

သူသူနဲ့ စွာစွာကို ဆေးထိုးလိုက်တဲ့ ဗီဒီယိုလေးကို ” မနေ့ကအိမ်ကိုသူခိုးဝင်သွားပါတယ် အဲ့ဒီ သူခိုး၂ယောက်ကိုတွေ့ရင်ဖမ်းပေးကြပါ ထိုက်ထိုက် တန်တန်ဆုချပါ့မယ် ” ဆိုပြီး နောက်ပြောင် ကာ လူမှုကွန်ရက်မှာဝေမျှခဲ့တာပါ။ ပရိသတ်တွေကလည်း အရမ်းကိုသဘောကျပြီး မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Happy – Cele Zone
Photo – Thin Zar Wint Kyaw

Zawgyi code

အိမ္ကိုဝင္ခိုးသြားတဲ့သူခိုးႏွစ္ေယာက္ကိုဖမ္းေပးရင္ ထိုက္ထိုက္တန္တန္ဆုခ်မယ္ဆိုတဲ့ သင္ဇာဝင့္ေက်ာ္မင္းသမီးေတြအတြက္ အရင္းႏွီးဆုံးမိတ္ေဆြဟာ သူတို႔ရဲ႕မိတ္ကပ္ဆရာေတြပါပဲ။ ဒီေန႔မွာလည္း သင္ဇာက သူမရဲ႕မိတ္ကပ္ဆရာႏွစ္ေယာက္ကို အႀကီးအက်ယ္ေဆးထိုးလိုက္ပါတယ္။ သူမ အိမ္ကေန ထြက္သြားတဲ့ သူသူေအာင္နဲ႔ စြာစြာကို သူခိုးပါလို႔ အက်ယ္ႀကီး ေအာ္ၿပီး စေနာက္ခဲ့တာပါ။ ဒီလို စေနာက္ၿပီးေတာ့လည္း သေဘာတက်နဲ႔ ရယ္ေနပါေသးတယ္။သုံးေယာက္သားက အရမ္းကိုရင္းႏွီးၿပီး အလုပ္အတူတူလုပ္တဲ့ လုပ္ငန္းပါတနာေတြဆိုတာ ထက္ ညီမေတြလို ငယ္ေပါင္းႀကီးေဖာ္ေတြလို ရင္းႏွီး ေႏြးေထြးၾကပါတယ္။ အၿမဲတမ္း သင္ဇာ့ေနာက္က တေကာက္ေကာက္လိုက္ၿပီး သင္ဇာ့ရဲ႕လွပမႈေတြကို တာဝန္ယူထားရသူေတြလည္း ျဖစ္ပါတယ္။သူသူနဲ႔ စြာစြာကို ေဆးထိုးလိုက္တဲ့ ဗီဒီယိုေလးကို ” မေန႔ကအိမ္ကိုသူခိုးဝင္သြားပါတယ္ အဲ့ဒီ သူခိုး၂ေယာက္ကိုေတြ႕ရင္ဖမ္းေပးၾကပါ ထိုက္ထိုက္ တန္တန္ဆုခ်ပါ့မယ္ ” ဆိုၿပီး ေနာက္ေျပာင္ ကာ လူမႈကြန္ရက္မွာေဝမွ်ခဲ့တာပါ။ ပရိသတ္ေတြကလည္း အရမ္းကိုသေဘာက်ၿပီး မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါတယ္။Happy – Cele Zone
Photo – Thin Zar Wint Kyaw