လက်ဝှေ့ပွဲမှာ အရှုံးနဲ့ကြုံတွေ့ခဲ့ရတဲ့ မောင်လေးအတွက် အားပေးနှစ်သိမ့်စကားပြောပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on

လက်ဝှေ့ပွဲမှာ အရှုံးနဲ့ကြုံတွေ့ခဲ့ရတဲ့ မောင်လေးအတွက် အားပေးနှစ်သိမ့်စကားပြောပေးခဲ့တဲ့ သင်ဇာဝင့်ကျော်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ ရပ်တည်ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပေမယ့် သူမရဲ့ မိသားစုတွေကိုတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးတာ ရှားပါးလှပါတယ်။ သင်ဇာဝင့်ကျော်က မိသားစုဝင်တွေရဲ့မွေးနေ့တွေမှာတော့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် မွေးနေ့ဆုတောင်းပေးခြင်းတွေပြုလုပ်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က လက်ဝှေ့ပွဲမှာ အရှုံးနဲ့ကြုံတွေ့ခဲ့ရတဲ့ မောင်လေးအတွက် အားပေးနှစ်သိမ့်စကားပြောပေးခဲ့တာကို တွေ့ရပါတယ်။“အနိုင် နဲ့ အရှုံး နှစ်မျိုးပဲရှိတယ် … ယှဉ်ပြိုင်ချင်းသာအဓိကပါ … ရှုံးသွားလဲ စိတ်ဓာတ်မကျပါနဲ့ ဆက်ကြိုးစားပါ … ပထမဦးဆုံး အတွေ့အကြုံဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့ … အတွေ့အကြုံကနေသင်ခန်းစာယူနိုင်ပါစေ ငါ့မောင်လေး … 😊😊😊 Whatever u did a great job, keep fighting !!!🦾 Always support u 🖤🖤🖤” ဆိုပြီး တစ်ဦးတည်းသော မောင်အငယ်ဆုံးလေးအတွက် အားပေးနှစ်သိမ့်စကား ပြောခဲ့ပါတယ်။သင်ဇာဝင့်ကျော်ရဲ့ မောင်လေးကတော့ သင်ဇာဝင့်ကျော်ရဲ့ အချစ်ဆုံးမောင်လေးတစ်ယောက်ဖြစ်ပြီး ဘယ်သွားသွား အတူတူရှိသူတွေပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections

Zawgyi code
