ကိုဗစ်တောင် မပြီးသေးဘဲ ထပ်မံကူးစက်လာပြန်တဲ့ တရုတ်ပြည်က ဘူဘိုးနစ် ရောဂါအခြေအနေ

Posted on

ကိုဗစ်တောင် မပြီးသေးဘဲ ထပ်မံကူးစက်လာပြန်တဲ့ တရုတ်ပြည်က ဘူဘိုးနစ် ရောဂါအခြေအနေတရုတ်ပြည်မှာတွေ့တဲ့_ဘူဘိုးနစ်ပလိပ်ရောဂါအခြေအနေ

🇨🇳 တရုတ်ပြည် အတွင်းမွန်ဂိုးလီယားဒေသမှာ တိရိစ္ဆာန်ရိုင်းတွေကို မစားဖို့၊ အနားမကပ်ဖို့နဲ့ မြက်ခင်းလွင်ပြင်ထဲမှာ ညအိပ်ညနေမနေကြဖို့ တရုတ်ပေကျင်း #ကူးစက်ရောဂါကာကွယ်ရေးဌာနကသတိပေးထားပါတယ်။

အကယ်၍ တစ်ယောက်ယောက် ကိုယ်ပူတက်ခဲ့ရင် သူ့ရဲ့ တိရိစ္ဆာန်ရိုင်းထိတွေ့ခဲ့မှုနဲ့ မြက်ခင်းလွင်ပြင်သွားခဲ့မှု ရာဇဝင်ကို ကျန်းမာရေးဌာနကို သတင်းပို့ဖို့ ပြောထားပါတယ်။

ဆရာဝန်နဲ့ သူနာပြုတွေကလည်း bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါအကြောင်း အကျွမ်းတဝင်လေ့လာထားကြဖို့ တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့စနေနေ့ညက အတွင်းမွန်ဂိုးလီယားဒေသ Bayannur မြို့မှာ bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါ သံသယရှိသူကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။

ဒီ bubonic plague ဘူဘိုးနစ်ပလိပ်ရောဂါဟာ လူသေဆုံးနိုင်တဲ့ ကမ္ဘာ့ကူးစက်ရောဂါဆိုးကြီးထပ်ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။

အခုတွေ့ရှိသူဟာ အခြေအနေကောင်းပြီး ဆေးရုံမှာ ရောဂါကုသမှုခံယူနေပါတယ်။

အခုအဲ့ဒီမြို့မှာ အဆင့်လေးဆင့်မှာ ဒုတိယအနိမ့်ဆုံးဖြစ်တဲ့ တတိယအဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဘူဘိုးနစ်ပလိပ်ရောဂါလက္ခဏာများကတော့… ရုတ်တရက်ကိုယ်ပူချိန်တက်မယ်။ ခေါင်းကိုက်မယ်။ byboes လို့ခေါ်တဲ့ ချိုင်းကြား၊ ပေါင်ခြံနေရာတွေက lymph nodes အကျိတ်တွေရောင်မယ်။ဖြစ်ရတဲ့အကြောင်းရင်းကတော့… များသောအားဖြင့် အဲ့ဒီရောဂါဖြစ်စေတဲ့ Yersinia pestis ဘက်တီးရီးယားစွဲကပ်နေတဲ့ သန်းကိုက်လို့ဖြစ်ပါတယ်။

အဲ့ဒီဘက်တီးရီးယားဟာ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး အကိုက်ခံရတဲ့နေရာနဲ့ အနီးဆုံး အကျိတ်တွေ စရောင်ပါတော့တယ်။

💊 အဲ့ဒီရောဂါက antibiotics ဆေးတွေနဲ့ #ကုသလို့ရပါတယ်။

🐀 #စရောဂါဖြစ်စေတတ်တဲ့လက်ခံကောင်ကတော့ မြက်ခင်းထဲမှာနေတဲ့ marmots ပူးတစ်မျိုးကဖြစ်ပါတယ်။

ဒီပလိပ်ရောဂါမျိုးဟာ အဆိုးဆုံး ပလိပ်ရောဂါသုံးမျိုးမှာပါပါတယ်။14 ရာစုတုန်းက ဥရောပမှာ အနည်းဆုံးလူဦးရေ 3 ပုံ 1 ပုံလောက်သေစေခဲ့တဲ့ Black Death ပလိပ်ဖြစ်ခဲ့ဖူးပြီး 19 ရာစုတုန်းကလည်း အိန္ဒိယနဲ့ တရုတ်မှာ လူသန်းပေါင်းများစွာ ပလိပ်ရောဂါကြောင့်သေဆုံးခဲ့ဖူးပါတယ်။

2014 ခုနှစ်တုန်းကလည်း တရုတိပြည် အနောက်မြောက်ဖက်ရှိ Gansu ဒေသမှာ လူတစ်ယောက် ပလိပ်ရောဂါနဲ့ သေဆုံးခဲ့လို့ လူ 151 ယောက်ကို quarantine ဝင်ခိုင်းရဖူးပါတယ်။