မဟာဝိဟာရကျောင်းတိုက်မှာ ကျောင်းမြေအတွက် (၁၁)သိန်းသွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို
Posted on
မဟာဝိဟာရကျောင်းတိုက်မှာ ကျောင်းမြေအတွက် (၁၁)သိန်းသွားရောက်လှူဒါန်းခဲ့တဲ့ ပိုပိုပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ပိုပိုကတော့ မနေ့က ဇူလိုင်လ (၇)ရက်နေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ လှည်းကူး မဟာဝိဟာရကျောင်းတိုက်မှာ တိုးချဲ့ကျောင်းမြေအတွက် အလှူငွေ ကျပ်(၁၁)သိန်းပရိတ်တွေရဲ့ အချစ်တော် ပိုပိုက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပိုပိုရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေနဲ့ အတူအလှူလေးတစ်ခုကို အတူတကွပြုလုပ်ဖို့ ပရိသတ်တွေကို ပါဝင်လှူဒါန်းပေးကြဖို့ တောင်းဆိုထားခဲ့တာကို ပရိသတ်တွေသတိထားမိမယ်ထင်ပါတယ်။မနေ့ကတော့ ပိုပိုက သူ့ရဲ့ပရိသတ်တွေပါဝင်လှူဒါန်းမှုနဲ့ ရရှိလာတဲ့ ဒီအလှူငွေ (၁၁)သိန်းကို သွားရောက်လှူဒါန်းခဲ့တာပါ။ပရိသတ်ကြီးရေ ပိုပိုကတော့ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တာတွေကို တတ်နိုင်သလောက် လှူဒါန်းပေးတတ်တဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။ပရိသတ်ကြီးတွေလည်း ပိုပို့ရဲ့ပရိသတ်တွေနဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – ဝတ်ရည်မိုး
Zawgyi code
Source – ဝတ်ရည်မိုး