အစ်မ မိုးဟေကိုရဲ့ဇာဆိုင်မှာ live လွှင့်ပြီးဈေးရောင်းပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဆရာဂျွန်လွင်နဲ့ မိုးဟေကိုကို အများကြီးကျေးဇူးတင်ပါတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

အစ်မ မိုးဟေကိုရဲ့ဇာဆိုင်မှာ live လွှင့်ပြီးဈေးရောင်းပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဆရာဂျွန်လွင်နဲ့ မိုးဟေကိုကို အများကြီးကျေးဇူးတင်ပါတယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။ Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေတာဖြစ်ပြီး ဆရာ ဂျွန်လွင် ဖုန်းဆက်လာတယ်မမိုးဟေကိုရဲ့ဇာဆိုင်မှာ Liveလွှင့်ပေးဖို့ အရမ်းလည်းဝမ်းသာတယ် အရမ်းလည်းပျော်တယ်။ဆရာနဲ့ တစ်ခါမှစကားမပြောဖူးပေမယ့် ဆရာကစကားပြောဖစ်တာနဲ့ မသိတာတွေသင်ပေးတယ်။လမ်းညွှန်ပေးတယ်ဒီလတစ်လလုံးရက်မရှိတော့ဘူး ဆရာလို့ စိတ်မရဲတရဲနဲ့ ပြောလိုက်တယ်။ဆရာပထမဆုံးချိတ်တဲ့အလုပ်ဆိုတော့ စိတ်များဆိုးသွားမလားလို့ဆရာက အောင်မြင်နေတာ အရမ်းဝမ်းသာတယ်တဲ့ကျေးဇူးပါ ဆရာနဲ့ မမိုးသမီး အလုပ်ကို အသိအမှတ်ပြုပြီး အလုပ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ဆိုတဲ့စာလေးနဲ့ သူမရဲ့ပျော်ရွှင်မှုကို ဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…။