အိမ်သာတွေနဲ့ ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူနေကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

Posted on

အိမ်သာတွေနဲ့ ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူနေကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံသရုပ်ဆောင်စမိုင်းလ်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ကာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အကောင်းဆုံးသရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အလိုက်သိတတ်လွန်းတဲ့ ချစ်ခင်ပွန်းကြောင့် ပျော်ရွှင်နေခဲ့ရတဲ့ သူမကတော့ အလှူအတန်းတွေကိုလည်း စိတ်တူကိုယ်တူနဲ့ ပြုလုပ်လေ့ရှိပြီး သူမတို့ ဇနီးမောင်နှံကတော့ မကြာခင်က သာသနဘောင်သို့ အတူတကွဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမတို့ ဇနီးမောင်နှံကတော့ ယခုမှာ သာသနာဘောင်သို့ဝင်ရောက်နေစဉ်အတွင်း ကြမ်းပြင်တွေနဲ့ အိမ်သာတွေကို သေသေချာချာသန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူနေခဲ့တာပဲဖြစ်ကာ အဆိုပါပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။သူမကတော့ ” ဆရာလေးတို့အောင်ဇမ္ဗူကျောင်းသို့မပြောင်းမှီဆရာတော်ထံမှခွင့်ပြုပါရန်ပန်ကြားပြီး ဆရာတော်များရဲ့ကုန္နီများလမ်းတစ်လျှောက်သန့်ရှင်းရေးလုပ်ပြီးသစ်တံခါးကျောင်းမှပြန်ကြွ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ သာသနာဘောင်သို့ ဝင်ရောက်နေစဉ်အတွင်း ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit-myanmarload

Zawgyi code


Credit-myanmarload