ကျော်ကျော်ဆီက မွေးနေ့အကြိုလက်ဆောင်အဖြစ် နာရီလေးနဲ့ လက်စွပ်လေးတစ်ကွင်း လက်ဆောင်ရခဲ့တယ်ဆိုတဲ့ ဆုမြတ်နိုးဦး

Posted on

ကျော်ကျော်ဆီက မွေးနေ့အကြိုလက်ဆောင်အဖြစ် နာရီလေးနဲ့ လက်စွပ်လေးတစ်ကွင်း လက်ဆောင်ရခဲ့တယ်ဆိုတဲ့ ဆုမြတ်နိုးဦးသရုပ်ဆောင် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်က ဘယ်သွားသွား ဘာလုပ်လုပ်နဲ့ အရမ်းကို အတွဲညီလွန်းသူတွေ ဖြစ်ပါတယ်။ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲဖက်လုပ်ကိုင်ကြသလို တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလည်း ပြောမနာ ဆိုမနာ ချစ်ခင်ကြသူမျာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။ကျော်ကျော်ကတော့ ဆုမြတ်နိုးဦးအပေါ် အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အနစ်နာခံသူတစ်ယောက်ဖြစ်ပြီး သံယောဇဉ်လည်း တော်တော်လေးရှိသူ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ကျော်ကျော်က ဆုမြတ်နိုးဦးအတွက် မွေးနေ့အကြို လက်ဆောင်လေးအဖြစ် လက်ပတ်နာရီတစ်လုံးနဲ့ လက်စွပ်လေးတစ်ကွင်းကို လက်ဆောင်ပေးခဲ့တယ်လို့ ဆုမြတ်နိုးဦးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ဆုမြတ်နိုးဦးကတော့ ကျော်ကျော်ဆီက မွေးနေ့လက်ဆောင်ရတဲ့ နာရီလေးနဲ့ လက်စွပ်လေးကို အရမ်းသဘောကျနေတာ ဖြစ်ပါတယ်။ ကျော်ကျော်လည်း သူပေးတဲ့လက်ဆောင်လေးကို ဆုမြတ်နိုးဦးက ကြိုက်တယ်ဆိုလို့ ဝမ်းသာနေရှာမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Hsu Myat Noe Oo’s fb
Bilie – Cele Connections

Zawgyi code

ေက်ာ္ေက်ာ္ဆီက ေမြးေန႔အႀကိဳလက္ေဆာင္အျဖစ္ နာရီေလးနဲ႔ လက္စြပ္ေလးတစ္ကြင္း လက္ေဆာင္ရခဲ့တယ္ဆိုတဲ့ ဆုျမတ္ႏိုးဦးသ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္နဲ႔ ဆုျမတ္ႏိုးဦးတို႔ သူငယ္ခ်င္းႏွစ္ေယာက္က ဘယ္သြားသြား ဘာလုပ္လုပ္နဲ႔ အရမ္းကို အတြဲညီလြန္းသူေတြ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္နဲ႔ ဆုျမတ္ႏိုးဦးတို႔က အႏုပညာအလုပ္ေတြကိုလည္း အတူတူတြဲဖက္လုပ္ကိုင္ၾကသလို တစ္ေယာက္နဲ႔တစ္ေယာက္ အျပင္မွာလည္း ေျပာမနာ ဆိုမနာ ခ်စ္ခင္ၾကသူမ်ာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေက်ာ္ေက်ာ္နဲ႔ ဆုျမတ္ႏိုးဦးတို႔ သူငယ္ခ်င္းႏွစ္ေယာက္စလုံးကို ခ်စ္ခင္စြာနဲ႔ အားေပးၾကပါတယ္။ေက်ာ္ေက်ာ္ကေတာ့ ဆုျမတ္ႏိုးဦးအေပၚ အစ္ကိုတစ္ေယာက္လို သူငယ္ခ်င္းတစ္ေယာက္လို အနစ္နာခံသူတစ္ေယာက္ျဖစ္ၿပီး သံေယာဇဥ္လည္း ေတာ္ေတာ္ေလးရွိသူ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ေက်ာ္ေက်ာ္က ဆုျမတ္ႏိုးဦးအတြက္ ေမြးေန႔အႀကိဳ လက္ေဆာင္ေလးအျဖစ္ လက္ပတ္နာရီတစ္လုံးနဲ႔ လက္စြပ္ေလးတစ္ကြင္းကို လက္ေဆာင္ေပးခဲ့တယ္လို႔ ဆုျမတ္ႏိုးဦးက သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝထားပါတယ္။ဆုျမတ္ႏိုးဦးကေတာ့ ေက်ာ္ေက်ာ္ဆီက ေမြးေန႔လက္ေဆာင္ရတဲ့ နာရီေလးနဲ႔ လက္စြပ္ေလးကို အရမ္းသေဘာက်ေနတာ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္လည္း သူေပးတဲ့လက္ေဆာင္ေလးကို ဆုျမတ္ႏိုးဦးက ႀကိဳက္တယ္ဆိုလို႔ ဝမ္းသာေနရွာမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။Source: Hsu Myat Noe Oo’s fb
Bilie – Cele Connections