မမဆောင်းရဲ့ အချစ်နဲ့ဘဝကို စိတ်ကူးယဉ် အားကျပြီး ပရိသတ်တွေရယ်မောရစေဖို့ ဟာသအမြင်လေးနဲ့ ဗီဒီယိုလေးတင်ဆက်လာတဲ့ ကိုပေါက်

Posted on

မမဆောင်းရဲ့ အချစ်နဲ့ဘဝကို စိတ်ကူးယဉ် အားကျပြီး ပရိသတ်တွေရယ်မောရစေဖို့ ဟာသအမြင်လေးနဲ့ ဗီဒီယိုလေးတင်ဆက်လာတဲ့ ကိုပေါက်ကိုပေါက်ကတော့ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားကာ Home Stay ကာလစတင်ကတည်းက ပရိသတ်တွေဘဝအမောပြေစေဖို့ ဟာသ Tik Tok တွေရိုက်ကူးကာ မျှဝေပေးနေသူပါ။ ကိုပေါက်ရဲ့ Tik Tok တွေကိုတော့ အားပေးသူ သန်းချီရှိနေပြီး ဒီနေ့မှာလည်း လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းရဲ့အင်တာဗျူးတွေနဲ့ ပတ်သက်ပြီး ဟာသ Tik Tok လေးရိုက်ကူးခဲ့ပါတယ်။ကိုပေါက်ကတော့ ဒီ Tik Tok ဗွီဒီယိုလေးကို ” မမဆောင်းရဲ့အချစ်နဲ့ဘဝ ကိုအားကျပြီးတော့ စိတ်ကူးယဉ်ပြီး ပြောကြည့်လိုက်မိတယ်။ မမဆောင်းရဲ့ အင်တာဗျူးတွေက တသိမ့်သိမ့်တုန်ဆင်းကို မှင်သက်သွားစေပါတဲ့ ကျမရဲ့မတ်မတ်ဆောင်း” လို့ရေးသာကာ မျှဝေခဲ့ပြီး ပရိသတ်အချို့ကတော့ ဝေဖန်ခဲ့ကြပါတယ်။ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကိုပေါက်ကတော့ ဒီ Tik Tok လေးကို သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းထံမှာ ဖုန်းဆက်ခွင့်တောင်းပြီးမှ လူမှုကွန်ရက်မှာ မျှဝေခဲ့တာဖြစ်ပြီး ” ကျွန်တော်တို့ အနုပညာ ညီအစ်ကိုမောင်နှမတွေက စ ရယ် နောက် ရယ် နဲ့ ဒီလိုပဲနေကြတယ်ဆိုတာ လေးသတိရစေချင်ပါတယ်။ တချို့အရာတွေက အဝေးကြီးမတွေးပါနဲ့။ လောကကြီးထဲမှာ စိတ်ညစ်စရာတွေ မနှစ်မြို့စရာတွေ အများကြီးပါ။ တချို့အရာတွေကို ဟာသ သဘောလေးနဲ့ပြောင်းပြီး ကြည့်ကြည့်ပါ စိတ်သက်သာရာရပါတယ်။အားလုံးရဲ့စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာရှိကြပါစေနော်” ဆိုပြီးတော့လည်း မှတ်ချက်ပေးရေးသားခဲ့ပါသေးတယ်။မမဆောင်းကိုယ်တိုင်ကလည်း ကိုပေါက်ရဲ့ Tik Tok Fan တစ်ယောက်ဖြစ်တာမို့ ဆရာ Tik Tok ဆော့ပေးတော့ ကောင်းတာပေါ့ဆိုပြီး ကိုယ်တိုင်ခွင့်ပြုထားတဲ့ ကိုပေါက်ရဲ့ မမဆောင်းအင်တာဗျူးတွေကို အားကျပြီး ဟာသဖောက်ထားတဲ့ Tik Tok လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Min Naing
Rainbow- Cele Gabar

Zawgyi code

မမေဆာင္းရဲ႕ အခ်စ္နဲ႔ဘဝကို စိတ္ကူးယဥ္ အားက်ၿပီး ပရိသတ္ေတြရယ္ေမာရေစဖို႔ ဟာသအျမင္ေလးနဲ႔ ဗီဒီယိုေလးတင္ဆက္လာတဲ့ ကိုေပါက္ကိုေပါက္ကေတာ့ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြရပ္နားကာ Home Stay ကာလစတင္ကတည္းက ပရိသတ္ေတြဘဝအေမာေျပေစဖို႔ ဟာသ Tik Tok ေတြ႐ိုက္ကူးကာ မွ်ေဝေပးေနသူပါ။ ကိုေပါက္ရဲ႕ Tik Tok ေတြကိုေတာ့ အားေပးသူ သန္းခ်ီရွိေနၿပီး ဒီေန႔မွာလည္း လတ္တေလာလူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ သ႐ုပ္ေဆာင္ေဆာင္းအိေျႏၵထြန္းရဲ႕အင္တာဗ်ဴးေတြနဲ႔ ပတ္သက္ၿပီး ဟာသ Tik Tok ေလး႐ိုက္ကူးခဲ့ပါတယ္။ကိုေပါက္ကေတာ့ ဒီ Tik Tok ဗြီဒီယိုေလးကို ” မမေဆာင္းရဲ႕အခ်စ္နဲ႔ဘဝ ကိုအားက်ၿပီးေတာ့ စိတ္ကူးယဥ္ၿပီး ေျပာၾကည့္လိုက္မိတယ္။ မမေဆာင္းရဲ႕ အင္တာဗ်ဴးေတြက တသိမ့္သိမ့္တုန္ဆင္းကို မွင္သက္သြားေစပါတဲ့ က်မရဲ႕မတ္မတ္ေဆာင္း” လို႔ေရးသာကာ မွ်ေဝခဲ့ၿပီး ပရိသတ္အခ်ိဳ႕ကေတာ့ ေဝဖန္ခဲ့ၾကပါတယ္။ ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး ကိုေပါက္ကေတာ့ ဒီ Tik Tok ေလးကို သ႐ုပ္ေဆာင္ေဆာင္းအိေျႏၵထြန္းထံမွာ ဖုန္းဆက္ခြင့္ေတာင္းၿပီးမွ လူမႈကြန္ရက္မွာ မွ်ေဝခဲ့တာျဖစ္ၿပီး ” ကြၽန္ေတာ္တို႔ အႏုပညာ ညီအစ္ကိုေမာင္ႏွမေတြက စ ရယ္ ေနာက္ ရယ္ နဲ႔ ဒီလိုပဲေနၾကတယ္ဆိုတာ ေလးသတိရေစခ်င္ပါတယ္။ တခ်ိဳ႕အရာေတြက အေဝးႀကီးမေတြးပါနဲ႔။ ေလာကႀကီးထဲမွာ စိတ္ညစ္စရာေတြ မႏွစ္ၿမိဳ႕စရာေတြ အမ်ားႀကီးပါ။ တခ်ိဳ႕အရာေတြကို ဟာသ သေဘာေလးနဲ႔ေျပာင္းၿပီး ၾကည့္ၾကည့္ပါ စိတ္သက္သာရာရပါတယ္။အားလုံးရဲ႕စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာရွိၾကပါေစေနာ္” ဆိုၿပီးေတာ့လည္း မွတ္ခ်က္ေပးေရးသားခဲ့ပါေသးတယ္။မမေဆာင္းကိုယ္တိုင္ကလည္း ကိုေပါက္ရဲ႕ Tik Tok Fan တစ္ေယာက္ျဖစ္တာမို႔ ဆရာ Tik Tok ေဆာ့ေပးေတာ့ ေကာင္းတာေပါ့ဆိုၿပီး ကိုယ္တိုင္ခြင့္ျပဳထားတဲ့ ကိုေပါက္ရဲ႕ မမေဆာင္းအင္တာဗ်ဴးေတြကို အားက်ၿပီး ဟာသေဖာက္ထားတဲ့ Tik Tok ေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။Source – Aung Min Naing
Rainbow- Cele Gabar