ဒုတိယကိုယ်ဝန်လွယ်ထားရပြီဆိုတာကို ခင်ပွန်းဖြစ်သူအား Surpriseလုပ်ပြီး အတိုင်းမသိပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ဒုတိယကိုယ်ဝန်လွယ်ထားရပြီဆိုတာကို ခင်ပွန်းဖြစ်သူအား Surpriseလုပ်ပြီး အတိုင်းမသိပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်းပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာသားသားလေး တစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နန်းမြတ်က လက်တွဲဖော်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားလို့ သူမရဲ့အိမ်ထောင်ရေးလေးက အရမ်းအေးချမ်းပါတယ်နော်။လက်ရှိမှာဆိုရင်တော့ နန်းမြတ်က အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။နန်းမြတ်တို့မိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး သူမရဲ့သားလေးJack Jackလေးကိုလည်း အရမ်းချစ်ကြပါတယ်နော်။Jack Jack လေးကအဖေတူလေးဖြစ်ပြီး အခုဆိုရင်(၁)နှစ်ကျော်သွားပြီဖြစ်ကာ စကားတွေလည်းတီတီတာတာပြောတတ်လာလို့ ဖေဖေနဲ့မေမေက ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းက နောက်ထပ်ရင်သွေးလေးလွယ်ထားရတာ(၁)လကျော်သွားပြီဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူကို Surprise လုပ်ဖို့အတွက် ကိုယ်တိုင်ဆီးစစ်ထားပြီး ရလာတဲ့အဖြေကို ခင်ပွန်းကိုပြခဲ့တာဖြစ်ပါတယ်။ကိုတာတာမျိုးကလည်း ချစ်ဇနီးကို ကူညီဖို့အတွက်ရောက်လာပြီး စောင်ကိုလှန်လိုက်ချိန်မှာတော့ အရမ်းအံ့ဩသွားခဲ့တာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အပြန်အလှန်ပွေ့ဖက်ပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source&Photo Credit:Nann Myat Phyo Thinn’s Facebook Page
Video Credit:Nann Myat Phyo Thinn’s Facebook Page

Zawgyi code

ဒုတိယကိုယ္ဝန္လြယ္ထားရၿပီဆိုတာကို ခင္ပြန္းျဖစ္သူအား Surpriseလုပ္ၿပီး အတိုင္းမသိေပ်ာ္႐ႊင္ေနတဲ့ နန္းျမတ္ၿဖိဳးသင္းပရိသတ္ႀကီးေရ အဆိုေတာ္၊သ႐ုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္းကေတာ့ ခ်စ္စရာသားသားေလး တစ္ေယာက္ကိုေမြးဖြားထားၿပီး ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကို တည္ေဆာက္ထားတာျဖစ္ပါတယ္။နန္းျမတ္က လက္တြဲေဖာ္ေကာင္းတစ္ေယာက္ကိုပိုင္ဆိုင္ထားလို႔ သူမရဲ႕အိမ္ေထာင္ေရးေလးက အရမ္းေအးခ်မ္းပါတယ္ေနာ္။လက္ရွိမွာဆိုရင္ေတာ့ နန္းျမတ္က အႏုပညာအလုပ္ေတြကို အနည္းအက်ဥ္းသာလုပ္ေဆာင္ေနတာျဖစ္ပါတယ္။နန္းျမတ္တို႔မိသားစုေလးကို ပရိသတ္ေတြကလည္းအရမ္းခ်စ္ၾကၿပီး သူမရဲ႕သားေလးJack Jackေလးကိုလည္း အရမ္းခ်စ္ၾကပါတယ္ေနာ္။Jack Jack ေလးကအေဖတူေလးျဖစ္ၿပီး အခုဆိုရင္(၁)ႏွစ္ေက်ာ္သြားၿပီျဖစ္ကာ စကားေတြလည္းတီတီတာတာေျပာတတ္လာလို႔ ေဖေဖနဲ႔ေမေမက ခ်စ္မဝျဖစ္ေနရတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ နန္းျမတ္ၿဖိဳးသင္းက ေနာက္ထပ္ရင္ေသြးေလးလြယ္ထားရတာ(၁)လေက်ာ္သြားၿပီျဖစ္ပါတယ္။နန္းျမတ္ၿဖိဳးသင္းက ခင္ပြန္းျဖစ္သူကို Surprise လုပ္ဖို႔အတြက္ ကိုယ္တိုင္ဆီးစစ္ထားၿပီး ရလာတဲ့အေျဖကို ခင္ပြန္းကိုျပခဲ့တာျဖစ္ပါတယ္။ကိုတာတာမ်ိဳးကလည္း ခ်စ္ဇနီးကို ကူညီဖို႔အတြက္ေရာက္လာၿပီး ေစာင္ကိုလွန္လိုက္ခ်ိန္မွာေတာ့ အရမ္းအံ့ဩသြားခဲ့တာျဖစ္ပါတယ္။ဇနီးေမာင္ႏွံႏွစ္ေယာက္ကေတာ့ အျပန္အလွန္ေပြ႕ဖက္ၿပီး ေပ်ာ္႐ႊင္ေနၾကတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။Source&Photo Credit:Nann Myat Phyo Thinn’s Facebook Page
Video Credit:Nann Myat Phyo Thinn’s Facebook Page