ကိုယ်တိုင်ဖန်တီးထားတဲ့ Special Make Up ပညာနဲ့ အကယ်ဒမီမင်းသားကြီး ဦးဝင်းဦးရဲ့ ပုံစံတူအတိုင်း ကိုယ့်ကိုကိုယ်ပြောင်းလဲပြလာတဲ့ နေတိုး

Posted on

ကိုယ်တိုင်ဖန်တီးထားတဲ့ Special Make Up ပညာနဲ့ အကယ်ဒမီမင်းသားကြီး ဦးဝင်းဦးရဲ့ ပုံစံတူအတိုင်း ကိုယ့်ကိုကိုယ်ပြောင်းလဲပြလာတဲ့ နေတိုးနိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ နေတိုးက ငယ်စဉ်ကတည်းက အနုပညာနဲ့ ပက်သတ်ပြီး တော်တော်လေး ဝါသနာပါလာခဲ့ပြီး ပန်းချီဆွဲခြင်း၊ Special Make Up Effect ပြုလုပ်ခြင်း၊ အသံတုပြုလုပ်ခြင်းစတဲ့ ပညာတွေကိုပါ လေ့လာလိုက်စားနေပြီး သူကိုယ်တိုင်လည်း ထိုပညာတွေကို အသုံးချလေ့ရှိတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာလည်း နေတိုးက သူကိုယ်တိုင်ဖန်တီးထားတဲ့ Special Make Up ပညာနဲ့ အကယ်ဒမီမင်းသားကြီး ဦးဝင်းဦးရဲ့ ပုံစံတူအတိုင်းပြောင်းလဲပြီးပြောလာတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “🙂ပရိသတ်များအားလုံးမင်္ဂလာပါ ခင်ဗျာ🙂 လွန်ခဲ့သော(45)ရက်ခန့်လောက်ကကြားခဲ့ရတဲ့သတင်းစကားတစ်ခုအပေါ်မှာအခြေခံပြီး ဒီ video လေးကိုလုပ်ဖို့စိတ်ကူးရခဲ့တာပါ။ အခုကျွန်တော်တို့အားလုံးဖြတ်သန်းနေကြရတဲ့ကာလတစ်ခုအတွင်းနေထိုင်စားသောက်ကြရင် Body weight တက်လာခြင်းအပေါ် မင်းသားကြီး ဦးဝင်းဦးက ကျွန်တော့်ကို ဝေဖန်ထောက်ပြနေတာကိုဆင်ခြေများပေးပြီး ပြန်လည်တုန့်ပြန်ပြောဆိုထားသော video ဖြစ်ပါတယ်”“ဒီ video လေးဖြစ်လာဖို့ကိုအရင် body weight တတ်ခဲ့တဲ့အချိန်မှဒီနေ့အခုမြင်နေရသောပုံစံပြန်ဖြစ်ဖို့ အစားအသောက်နဲ့ရော🍗🥘🥗🥦🍈🥝🥣 အားကစားနဲ့ပါ 💪🏋️‍♂️🏊‍♂️( 45 ) ရက်ကြာအချိန်ယူခဲ့ရပါတယ်။ ဒီ video🙂 မှာကျွန်တော်ဝါသနာပါသော special Make-up ပညာ 🤡နဲ့အသံအတု🗣ပညာတွေကိုလည်းအသုံးပြုထားပါတယ် 🙂 Video အမျိုးအစားမှာအခုခေတ်စားနေသော video အမျိုးအစားထဲမှတစ်ခုခုဖြစ်နိုင်ပြီးကြာမြင့်ချိန်မှာ 1min ခန့်လောက်သာဖြစ်နိုင်ပါတယ်။ ကဲ …ကျွန်တော်ချစ်သော💓ကျွန်တော်ကိုချစ်ကြသော💗 ပရိသတ်များအားလုံး စိတ်ဝင်စားတယ်ဆိုရင်ဖြင့်မနက်ဖြန်ညနေ 6pmမှာ …” ဆိုပြီး ပြောထားပါတယ်။နေတိုးကတော့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးပြောတဲ့ ဗီဒီယိုလေးကိုစိတ်ဝင်စားရင် မနက်ဖြန်မှာ ဆက်ဆက်စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections