ဆုမြတ်နိုးဦးရဲ့ မွေးနေ့ညလေးမှာ ဟာသတွေပြောပြီး ပျော်ရွှင်စည်ကားအောင် ဖန်တီးပေးခဲ့ကြတဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်

Posted on

ဆုမြတ်နိုးဦးရဲ့ မွေးနေ့ညလေးမှာ ဟာသတွေပြောပြီး ပျော်ရွှင်စည်ကားအောင် ဖန်တီးပေးခဲ့ကြတဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်ပရိသတ်တွေက ဗရမ်းဗတာတွေလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က ဘာပဲလုပ်လုပ် အတွဲညီကြသူတွေပဲ ဖြစ်ပါတယ်။ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်စလုံးက အမြွှာမောင်နှမတွေလို့ ထင်ရလောက်အောင် စိတ်တူကိုယ်တူရှိပြီး ဘာလုပ်လုပ်အတွဲညီကြသူများ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်စလုံးကို ချစ်ခင်အားပေးကြပါတယ်။မနေ့က ဇူလိုင်လ (၃၀)ရက်နေ့က ဆုမြတ်နိုးဦးရဲ့ အသက် (၂၉)နှစ်ပြည့်တဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက သူမရဲ့မွေးနေ့မှာ တစ်နေကုန်ပျော်ရွှင်ကြည်နူးမှုတွေရရှိခဲ့ပြီး အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့ကလည်း ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ မွေးနေ့ညလေးကတော့ သူငယ်ချင်းတွေအပြင် ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့ကြောင့် စည်စည်ကားကားလေးဖြစ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ဆုမြတ်နိုးဦးကတော့ မွေးနေ့လေးမှာ အစ်ကိုနှစ်ယောက်ကြောင့် တော်တော်လေး ပျော်ရွှင်ခဲ့ရမှာ အသေအချာပါပဲ။ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်ရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thinzar Myintmo’s fb
Bilie – Cele Connections

Zawgyi code
