သားအလတ်လေး တိုးရဲ့ မွေးနေ့မှာ ရာနဲ့ချီတဲ့ အရုပ်တွေများစွာကို လှူဒါန်းပေးမယ့် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံ

Posted on

သားအလတ်လေး တိုးရဲ့ မွေးနေ့မှာ ရာနဲ့ချီတဲ့ အရုပ်တွေများစွာကို လှူဒါန်းပေးမယ့် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံမင်းသားချော ပိုင်ဇေရဲထွန်းကတော့ တစ်ခေတ်တစ်ခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်ပေမယ့် အခုလက်ရှိမှာတော့ အိမ်ထောင်ရှင်တစ်ယောက်အဖြစ် သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက ရံဖန်ရံခါမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ဆုန်၊ တိုး၊ ငြိမ်းဆိုတဲ့ သားသမီးသုံးယောက်နဲ့အတူတူ အဓိပ္ပာယ်ရှိတဲ့ မိသားစုဘဝလေးကို ပုံဖော်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်ဇေရဲထွန်းနဲ့တကွ သူ့ရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။မနေ့က ဇူလိုင်လ (၃၀)ရက်နေ့ကတော့ ပိုင်ဇေရဲထွန်းရဲ့ သားအလတ် တိုးလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံက သားလေးအတွက် ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးကို ဖန်တီးပေးခဲ့သလို သားလေးအတွက် ကုသိုလ်ရအောင်လည်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပိုင်ဇေရဲထွန်းတို့က သားအလတ်တိုးရဲ့ မွေးနေ့မှာ ရာနဲ့ချီတဲ့ အရုပ်တွေကို မိဘမဲ့ကလေးငယ်တွေဆီ လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကတော့ နွေးထွေးကြင်နာပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကိုတစ်ယောက် ဖြည့်စည်းပေးနေကြလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုလေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zin Thae Naing’s fb
Bilie – Cele Connections

Zawgyi code

သားအလတ္ေလး တိုးရဲ႕ ေမြးေန႔မွာ ရာနဲ႔ခ်ီတဲ့ အ႐ုပ္ေတြမ်ားစြာကို လႉဒါန္းေပးမယ့္ ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံမင္းသားေခ်ာ ပိုင္ေဇရဲထြန္းကေတာ့ တစ္ေခတ္တစ္ခါက ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္တစ္ေယာက္ျဖစ္ေပမယ့္ အခုလက္ရွိမွာေတာ့ အိမ္ေထာင္ရွင္တစ္ေယာက္အျဖစ္ သားသမီးသုံးေယာက္ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းက ရံဖန္ရံခါမွာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း ဆုန္၊ တိုး၊ ၿငိမ္းဆိုတဲ့ သားသမီးသုံးေယာက္နဲ႔အတူတူ အဓိပၸာယ္ရွိတဲ့ မိသားစုဘဝေလးကို ပုံေဖာ္ေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ပိုင္ေဇရဲထြန္းနဲ႔တကြ သူ႔ရဲ႕ မိသားစုေလးကိုပါ ခ်စ္ခင္အားေပးၾကတာ ျဖစ္ပါတယ္။မေန႔က ဇူလိုင္လ (၃၀)ရက္ေန႔ကေတာ့ ပိုင္ေဇရဲထြန္းရဲ႕ သားအလတ္ တိုးေလးရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံက သားေလးအတြက္ ေပ်ာ္႐ႊင္ဖြယ္ရာေမြးေန႔ေလးကို ဖန္တီးေပးခဲ့သလို သားေလးအတြက္ ကုသိုလ္ရေအာင္လည္း အလႉအတန္းေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ပိုင္ေဇရဲထြန္းတို႔က သားအလတ္တိုးရဲ႕ ေမြးေန႔မွာ ရာနဲ႔ခ်ီတဲ့ အ႐ုပ္ေတြကို မိဘမဲ့ကေလးငယ္ေတြဆီ လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။ပိုင္ေဇရဲထြန္းတို႔ မိသားစုေလးကေတာ့ ေႏြးေထြးၾကင္နာၿပီး တစ္ေယာက္ရဲ႕လိုအပ္ခ်က္ကိုတစ္ေယာက္ ျဖည့္စည္းေပးေနၾကလ်က္ရွိပါတယ္။ ပရိသတ္ႀကီးလည္း ပိုင္ေဇရဲထြန္းတို႔ မိသားစုေလးရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။Source: Zin Thae Naing’s fb
Bilie – Cele Connections