သိန်းတစ်သောင်းခွဲထီဆုကြီး ကံထူးခဲ့တဲ့ သူငယ်ချင်းအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ယုန်လေး
Posted on
သိန်းတစ်သောင်းခွဲထီဆုကြီး ကံထူးခဲ့တဲ့ သူငယ်ချင်းအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ယုန်လေးဒီနေ့ သြဂုတ်လ(၁) ရက်နေ့မှာတော့ (၁၈) ကြိမ်မြောက် အောင်ဘာလေထီကို ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး အမြင့်ဆုံးသိန်းတစ်သောင်းခွဲဆုကြီးကိုတော့ ရန်ကုန်မြို့မှ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ တာမွေမြို့နယ်က ကိုကျော်စွာက ဆွတ်ခူးခဲ့တာဖြစ်ပြီး ယုန်လေးကတော့ ကံကောင်းလွန်းတဲ့သူ့ရဲ့သူငယ်ချင်းဆီသွားကာ ဂုဏ်ပြုစကားပြောကြားရင်း ပရိသတ်ကိုပါ မျှဝေခဲ့ပါတယ်။” ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ… ကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း … ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ …. ကိုယ်တွေများ (၅) သောင်းဆုကို (၂) နှစ် နေလောက်မှ တစ်ခါပေါက်တယ်…. သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ် ယူပါတယ် . ကံထူးရှင်ကြီး ကိုကျော်စွာ ” ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းဖြစ်သူနဲ့ ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။သိန်းတစ်သောင်းခွဲဆုကြီးကတော့ နယ်တွေမှာ အများဆုံးပေါက်လေ့ရှိတဲ့အပြင် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မှာပေါက်ရုံမက သူငယ်ချင်းအရင်းကြီးက ကံထူးသွားတာကြောင့် ယုန်လေးကတော့ ဝမ်းသာဂုဏ်ယူစွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…
Zawgyi code