ခင်ပွန်းသည်ရွှေထူးက သူမရဲ့ ကြိတ်ချစ်ရတဲ့ Crushတစ်ယောက်ဖြစ်တဲ့အပြင် အကြိုက်ဆုံးအဆိုတော်ပါဆိုတဲ့ ရွှေမှုံရတီ
Posted on
ခင်ပွန်းသည်ရွှေထူးက သူမရဲ့ ကြိတ်ချစ်ရတဲ့ Crushတစ်ယောက်ဖြစ်တဲ့အပြင် အကြိုက်ဆုံးအဆိုတော်ပါဆိုတဲ့ ရွှေမှုံရတီပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးထဲက အနုပညာလေယကထဲကိုဝင်ရောက်ခဲ့သူပဲ ဖြစ်ပါတယ် ။ အသက်ငယ်ပေမယ့်လည်း တကယ့်ကို သရုပ်ဆောင်ပီပြင်ကောင်းမွန်ပြီး အမြဲချေမိုးနေတဲ့ စတိုင်လေးကလည်း သူများနဲ့မတူတဲ့ထူးခြားတဲ့ သူမရဲ့စတိုင်ဆိုလည်းမမှားပါဘူးနော်။လက်ရှိမှာ အဆိုတေယ်ရွှေထူးနဲ့ အိမ်ထောင်ကျကာ ရွှေစုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြကာ မြင်သူတိုင်း ကြည်နူးအောင် အမြဲတမ်း ရိုနေတဲ့ စုံတွဲဆိုတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။ သူတို့စုံတွဲဟာ အမှတ်တရနေ့တွေမှာလည်း တစ်ယောက်ကို တစ်ယောက် အပြန်လှန် Surprise တွေလုပ်ပြီးသူများတွေ အားကျရလောက်အောင် တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြောင်းသက်သေပြလေ့ရှိကြတာပါပဲနော်။ဒီနေ့မှာလည်း ” ကျွန်မ အကြိုက်ရဆုံးသော အဆိုတော်ကြီး နဲ့ He is My crush 🥺သိဖို့”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ အိမ်ထောင်ကျပြီးတာတောင် ခင်ပွန်းသည်က သူမရဲ့ Curshပါတဲ့နော်။အမြဲတစ်ယောက်နဲ့တစ်ယောက် သူများအားကျရလောက်အောင် ချစ်ကြတဲ့ ရွှေနှစ်ရွှေစုံတွဲကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source :Shwe Hmone Yati
Zawgyi code