“ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပက်သတ်ပြီး အပင်ပန်းခံစိတ်နှစ်ပြီး လုပ်ခဲ့သမျှ အခုလိုဖြစ်သွားတဲ့အတွက် အရမ်းစိတ်ထိခိုက်ပါတယ်ဆိုတဲ့ ယုန်လေး

Posted on

“ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပက်သတ်ပြီး အပင်ပန်းခံစိတ်နှစ်ပြီး လုပ်ခဲ့သမျှ အခုလိုဖြစ်သွားတဲ့အတွက် အရမ်းစိတ်ထိခိုက်ပါတယ်ဆိုတဲ့ ယုန်လေးသရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ ငယ်စဉ်ကတည်းကအနုပညာအပေါ် ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ သူ့ရဲ့ အနုပညာအရည်အချင်းကို တိုးတက်အောင်ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ဒီကနေ့မှာတော့ သူကိုယ်တိုင်စီစဉ်ရိုက်ကူးပြီး တင်ဆက်တဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းလေးကို ပရိသတ်တွေဆီချပြလာပါတယ်။ ဒါပေမယ့် ယုန်လေးရဲ့ သီချင်း MV က ပရိသတ်တွေနဲ့ နားလည်မှုလွဲမှားခဲ့ပြီး ဝေဖန်မှုတွေအများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ယုန်လေးကတော့ သူတစ်ယောက်တည်းမှာသာ တာဝန်ရှိတဲ့အကြောင်းနဲ့ အခုလိုဖြစ်သွားလို့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။“ကျွန်တော် ဒီသီချင်းလေး ကို အများကြီး အပင်ပန်းခံ စိတ်နှစ်ပြီး လုပ်ခဲ့တာတွေက အခုလို ဖြစ်သွားတာ အရမ်းစိတ်ထိခိုက်ပါတယ်ဗျာ။ အနုပညာကို အနုပညာလိုပဲ မြင်ပေးပါဆိုတဲ့ စကားကိုမပြောတော့ပါဘူး။ တကယ် ရူးသွပ်ထားတာပါ။ ကျွန်တော့်မှာစည်းလုံးစေချင်တဲ့ ရည်ရွယ်ချက်ကလွဲပြီး ကျန်တာ ဘာမှမရှိပါဘူး။ ဒီနေ့ ဒီသီချင်းလေးကြောင့် စိတ်အနှောင့်ယှက် ဖြစ်သွားသူတစ်ယောက်စီတိုင်း၊ ကျွန်တော်နဲ့ခင်တဲ့ အနုပညာရှင်တစ်ချို့ရော၊ ကျွန်တော့်ထက်ငယ်တဲ့ အနုပညာရှင်တွေရော၊ ကြီးတဲ့ အနုပညာရှင်တွေရော၊ တခြား နယ်ပယ်အသီးသီးမှ လူအယောက်စီတိုင်း စိတ်အနှောင့်ယှက်ဖြစ်သွားရင် တကယ် တောင်းပန်ပါတယ် ခင်ဗျာ”“ဘာဖြစ်ဖြစ် ကျွန်တော့်မှာ ပဲ တာဝန်ရှိပါတယ်ခင်ဗျာ။ ပါဝင်တဲ့ သူများနဲ့ လုံးဝ မဆိုင်ပါဘူး။ အကုန်လုံး မေတ္တာဖြစ်ကူညီကြတာပါ။ သူတို့နဲ့ လုံးဝ မဆိုင်ပါဘူး။ ဆဲချင်တဲ့ သူများ ကျေနပ်အောင် ဆဲကျပါ။ Comment ဖွင့်ထားပါတယ်။ အရင်တုန်းကတော့ စိတ် အခန့်မသင့်ရင် Block တယ် ။ အခုကတော့ ကျွန်တော် မBlock ပါဘူး။ လွတ်လပ်စွာ ကြိုက်သလို ပြောဆိုလိုရပါတယ်ခင်ဗျာ။ ကျွန်တော် စိတ်ရင်းနဲ့ ရပ်တည်ချက်ကိုတော့ မြင်စေချင်ပါတယ်ခင်ဗျာ။ အားလုံးကို ထပ်ပြီး တောင်းပန်ပါတယ်🙏” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ယုန်လေးကတော့ သူ့ရဲ့စိတ်ရင်းအမှန်ကို ပြောပြပြီး ပရိသတ်တွေကို တောင်းပန်စကား ပြောထားတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Yone Lay’s fb
Bilie – Cele Connections