ယုန်လေးရဲ့ အနုပညာကို အသိအမှတ်ပြုပါတယ်ဆိုပြီး ယုန်လေးအတွက် အားပေးစကားပြောလာတဲ့ ဘုန်းလျှံ
Posted on
ယုန်လေးရဲ့ အနုပညာကို အသိအမှတ်ပြုပါတယ်ဆိုပြီး ယုန်လေးအတွက် အားပေးစကားပြောလာတဲ့ ဘုန်းလျှံသရုပ်ဆောင် ဘုန်းလျှံကတော့ အနုပညာလောကကနေ (၇)နှစ်တာမျှ အလှမ်းဝေးသွားခဲ့ပြီးနောက် အခုဆိုရင် အရင်ကအတိုင်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက သူကိုယ်တိုင်လည်း အစကနေ ပြန်လည်ကြိုးစားနေရသူတစ်ယောက်ပီပီ သူ့ရဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကိုလည်း လေးစားချစ်ခင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘုန်းလျှံအတွက် အားပေးစကားလေး ဆိုထားတာကို တွေ့ရပါတယ်။ဘုန်းလျှံက “ညီလေး..မင်းရဲ့အနုပညာကိုအသိအမှတ်ပြုပါတယ်…မင်းစိတ်ကောင်းရှိမှန်းလည်းအကိုအသိဆုံးပါ….စိတ်ဓာတ်မကျပါနဲ့…အရာရာအဆိုးနဲ့အကောင်းဆိုတာရှိစမမြဲပါ…..ဖြစ်ပြီးရင်ပျက်သွားတာကြီးပဲ…အဆိုးပြီးရင်အကောင်းလာမှာပါ…firghting..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ယုန်လေးရဲ့ အင်တာဗျူးဗီဒီယိုကို Share ပြီး ယုန်လေးအတွက် အားပေးစကား ဆိုထားတာကို တွေ့ရပါတယ်။အခုချိန်မှာ ယုန်လေးနဲ့ နားလည်မှုလွဲနေကြတဲ့ အနုပညာရှင်တွေရှိသလို ယုန်လေးဘက်ကနေ ရပ်တည်ရင်း အားပေးစကားပြောနေကြတဲ့ အနုပညာရှင်တွေလည်း များစွာရှိတာပဲ ဖြစ်ပါတယ်။ ယုန်လေးလည်း သူ့ကိုချစ်ကြတဲ့သူတွေရဲ့ အားပေးမှုကြောင့် စိတ်ဓာတ်ခွန်အားတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Bhone Hlan’s fb
Bilie – Cele Connections
Zawgyi code