လူဖြစ်ဖို့ တစ်ဆင့်လိုနေတဲ့ အနုပညာ ဖန်တီးမှု ဆိုပြီး ယုန်လေးကို ဒဲ့ပြောလိုက်တဲ့ လင်းလင်း

Posted on

လူဖြစ်ဖို့ တစ်ဆင့်လိုနေတဲ့ အနုပညာ ဖန်တီးမှု ဆိုပြီး ယုန်လေးကို ဒဲ့ပြောလိုက်တဲ့ လင်းလင်းအဆိုတော်လင်းလင်းက ယုန်လေးရဲ့ သီချင်းတစ်ပုဒ်နှင်ြ ပတ်သတ်ပြီး ခုလို ရေးသားထားပါတယ်

“လူဖြစ်ဖို့တစ်ဆင့်လို(တစ်ရည်လို)နေတဲ့ အနုပညာဖန်တီးမှုတွေဟာပရိတ်သတ်(ပြည်သူ) အတွက် အဆိပ်သင့်စေတာကလွဲရင် အခြားအကျိုးတရား(ခံစားမှု) ဘာမှမရှိနတ္တိပါဘဲ။ဓမ္မနဲ့အဓမ္မကို ဇွတ်(မရမက) တန်းဆွဲညှိပြီး ဦးညွှတ်ခိုင်းတာဟာယခုရွေးကောက်ပွဲ ၂၀၂၀ တင်မက နောင်လာလတ္တံ့သော နိုင်ငံ့အနာဂတ် အဆက်ဆက်အတွက် ကြောက်စရာအကောင်းဆုံး(အကြီးမားဆုံး) ဘုံရန်သူဘဲ။

” တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ” ဆိုတဲ့စာသားဟာဆိုကောင်းအောင်ရေးထားတာမဟုတ်ပါဘူး။ချီးနဲ့ရေခဲမုန့်ကို လမ်းဘေးပလက်ဖောင်းတစ်ခုအပေါ် performance art အနေနဲ့ အနုပညာ ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ (mood) အပြည့်နဲ့ ရောစားပြလို့ရချင်ရပါလိမ့်မယ်။နိုင်ငံ့အရေးမှာတော့ ရောစားပြလို့မရပါဘူး။ချီး တန်ဖိုး နဲ့ ချီးဂုဏ်သိက္ခာ ဟာ သက်သက်။ရေခဲမုန့် တန်ဖိုး နဲ့ ဂုဏ်သိက္ခာ ဟာ သက်သက်ပါ။ဒီလိုနှိုင်းရတာဟာလဲ ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ်မဟုတ်ပါဘူး။ စည်းလုံးစေချင်လို့ပါ။ပြည်သူတွေအများစု လာမယ့်ရွေးကောက်ပွဲမှာဘယ်သူ့ကိုမဲပေးရမယ်ဆိုတာသိတယ်။အဆိပ်သီးတွေ တစ်လုံးပြီးတစ်လုံး လာကျလိမ့်ဦးမယ်။ဘာမှဝေဝါးစရာမရှိပါဘူး။စကားမစပ် မဲ စာရင်းစစ်ကြဦးဗျို့ အရေးကြီးတယ်။”

ဆိုပြီး တင်ထားတာဖြစ်ပါတယ်…ယုန်လေးရဲ့ သီချင်းနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုတွေမြင့်တက်နေပြီး ယုန်လေးကတော့ ပြန်လည်တောင်းပန်ထားပါတယ်

Source : Htwe Lin Ko Fb