သံသာမိုးသိမ့်နဲ့အတူ (၂) ယောက်သား ကြည်နူး နေကြတဲ့ ပုံလေးတွေ မျှဝေခဲ့တဲ့ ကျော်ထက်ဇော်

Posted on

သံသာမိုးသိမ့်နဲ့အတူ ရိုက်ကွင်း နောက်ကွယ်က (၂) ယောက်သား ကြည်နူး နေကြတဲ့ ပုံလေးတွေ မျှဝေခဲ့တဲ့ ကျော်ထက်ဇော်မင်းသားချောလေး ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ မကြာသေးပေမယ့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်က အကယ်ဒမီများရှင် သရုပ်ဆောင် မင်းသမီးကြီး မို့မို့မြင့်အောင်ရဲ့ တပည့်ဖြစ်ပြီးအနုပညာအမွေကို ထိုက်တန်စွာ ဆက်ခံထားတဲ့ သူလည်းဖြစ်ပါတယ်။ မကြာသေးမီက ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲမှာလည်း ကျော်ထက်ဇော်ကို ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ တွေ့ရပါတယ်နော်။ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲမှာကျော်ထက်ဇော်က မင်းသမီးချောလေး သံသာမိုးသိမ့်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ သူတို့ နှစ်ယောက်က နောက်ပိုင်းမှာလည်း ကြော်ငြာတွေနဲ့ photo shootingတွေကို အတူတူ ရိုက်ကူးနေတာပါနော်။ ယခုမှာတော့ကျော်ထက်ဇော်နဲ့ သံသာမိုးသိမ့်က ရှမ်းပြည်နယ် နောင်ချိုမြို့လေးကို သွားရောက်ပြီး သီချင်း MTVလေးကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ မင်းသမီးချောလေး သံသာမိုးသိမ့်နဲ့အတူ ကြည်ကြည်နူးနူး ပုံဖော်ရိုက်ကူးနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကိုမင်းသားချောလေး ကျော်ထက်ဇော်ကသူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တင်ပေးလာခဲ့ပါတယ်။ တောင်တန်းတွေနဲ့ လှပတဲ့ ရှုခင်းတွေကို နောက်ခံထားကာ ရိုက်ထားတာဖြစ်လို့ ကြည့်မိသူတိုင်း အသည်းယား အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ချစ်ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။