ယုန်လေး တောင်းပန်ထားတဲ့ဟာကိုမကြည့်မိလိုက်ဘဲ နည်းနည်းမြင်လိုက်တာနဲ့စိတ်တိုပြီးမထိန်းပဲရေးလိုက်မိတာပါဆိုတဲ့ စမိုင်းလ်

Posted on

ယုန်လေး တောင်းပန်ထားတဲ့ဟာကိုမကြည့်မိလိုက်ဘဲ နည်းနည်းမြင်လိုက်တာနဲ့စိတ်တိုပြီးမထိန်းပဲရေးလိုက်မိတာပါဆိုတဲ့ စမိုင်းလ်မင်းသမီးချော စမိုင်းလ်ကတော့ သြဂုတ်လ(၅)ရက်နေ့ဖြစ်တဲ့ မနေ့ကညမှာ နိုင်ငံေျကာ်အဆိုတော်ဒါရိုက်တာယုန်လေးကို ငါတို့အားလုံးရေမြေ သီချင်း MTV နဲ့ပတ်သက်ပြီး စိတ်ဆိုးကာ “ယုန်လေးရေ လမ်းမှာတွေ့ရင်တောင်လာမနှုတ်ဆက်ပါနဲ့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။ စမိုင်းလိတစ်ယောက်အခုလိုတင်လိုက်တဲ့အပေါ်မှာတော့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေရှိခဲ့ကြပါတယ်။လက်ရှိမှာတော့ စမိုင်းလ်ဟာ ယုန်လေး တောင်းပန်ထားတဲ့ဟာကိုမကြည့်မိလိုက်ဘဲ နည်းနည်းမြင်လိုက်တာနဲ့စိတ်တိုပြီးမထိန်းပဲရေးလိုက်မိတဲ့အကြောင်းကို “သူတောင်းပန်ထားတဲ့ဟာကိုမကြည့်မိလိုက်ဘူး သူတကယ်ပဲစေတနာအမှားဖြစ်သွားတယ်စော်ကားထားတာမဟုတ်ဘူးဆိုရင်တော့လည်းပြီးတာပါပဲ ကိုယ်ကလည်းခရီးမှာနည်းနည်းမြင်လိုက်တာနဲ့စိတ်တိုပြီးမထိန်းပဲရေးလိုက်မိတယ်။ လူတိုင်းအမှားနဲ့မကင်းသလို လူတိုင်းပြည့်စုံတဲ့သူမရှိပါဘူး။ ကိုယ်လည်းအမေစုကိုချစ်တဲ့စိတ်နဲ့ရေးလိုက်မိတာ ဆောရီးပါ။ ကိုယ်လည်းဘုရားတရားလုပ်ပြီး ထစ်ကတည်းရှိစိတ်မြန်တတ်တာတွေလျှော့ရမယ်။ တရားကမရသေးဘူး နေရင်းထိုင်ရင်းစိတ်တွေညစ်သွားတဲ့ Smiley တွေတောင်းပန်ပါတယ်နော်” ဆိုပြီး ဒေါသမထိန်းနိုင်ဘဲရေးတင်လိုက်မိတဲ့ ပို့စ်ကြောင့် ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ဗီစီဒီခွေတိုင်းမှာ မပါမဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ မင်းသမီးချော စမိုင်းလ်ကတော့ ယုန်လေး တောင်းပန်ထားတာကို မမြင်ဘဲ စိတ်လိုက်မာန်ပါ ပြောလိုက်မိတာပါတဲ့။သူဟာ အမေစုကိုချစ်တဲ့စိတ်နဲ့ရေးလိုက်မိတာပါတဲ့နော်။

Source: စမိုင်းလ် Smile

Zawgyi code

ယုန္ေလး ေတာင္းပန္ထားတဲ့ဟာကိုမၾကည့္မိလိုက္ဘဲ နည္းနည္းျမင္လိုက္တာနဲ႔စိတ္တိုၿပီးမထိန္းပဲေရးလိုက္မိတာပါဆိုတဲ့ စမိုင္းလ္မင္းသမီးေခ်ာ စမိုင္းလ္ကေတာ့ ၾသဂုတ္လ(၅)ရက္ေန႔ျဖစ္တဲ့ မေန႔ကညမွာ ႏိုင္ငံေ်ကာ္အဆိုေတာ္ဒါ႐ိုက္တာယုန္ေလးကို ငါတို႔အားလုံးေရေျမ သီခ်င္း MTV နဲ႔ပတ္သက္ၿပီး စိတ္ဆိုးကာ “ယုန္ေလးေရ လမ္းမွာေတြ႕ရင္ေတာင္လာမႏႈတ္ဆက္ပါနဲ႔” ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာေဖာ္ျပထားခဲ့ပါတယ္။ စမိုင္းလိတစ္ေယာက္အခုလိုတင္လိုက္တဲ့အေပၚမွာေတာ့ ပရိသတ္အခ်ိဳ႕ရဲ႕ ေဝဖန္မႈေတြရွိခဲ့ၾကပါတယ္။လက္ရွိမွာေတာ့ စမိုင္းလ္ဟာ ယုန္ေလး ေတာင္းပန္ထားတဲ့ဟာကိုမၾကည့္မိလိုက္ဘဲ နည္းနည္းျမင္လိုက္တာနဲ႔စိတ္တိုၿပီးမထိန္းပဲေရးလိုက္မိတဲ့အေၾကာင္းကို “သူေတာင္းပန္ထားတဲ့ဟာကိုမၾကည့္မိလိုက္ဘူး သူတကယ္ပဲေစတနာအမွားျဖစ္သြားတယ္ေစာ္ကားထားတာမဟုတ္ဘူးဆိုရင္ေတာ့လည္းၿပီးတာပါပဲ ကိုယ္ကလည္းခရီးမွာနည္းနည္းျမင္လိုက္တာနဲ႔စိတ္တိုၿပီးမထိန္းပဲေရးလိုက္မိတယ္။ လူတိုင္းအမွားနဲ႔မကင္းသလို လူတိုင္းျပည့္စုံတဲ့သူမရွိပါဘူး။ ကိုယ္လည္းအေမစုကိုခ်စ္တဲ့စိတ္နဲ႔ေရးလိုက္မိတာ ေဆာရီးပါ။ ကိုယ္လည္းဘုရားတရားလုပ္ၿပီး ထစ္ကတည္းရွိစိတ္ျမန္တတ္တာေတြေလွ်ာ့ရမယ္။ တရားကမရေသးဘူး ေနရင္းထိုင္ရင္းစိတ္ေတြညစ္သြားတဲ့ Smiley ေတြေတာင္းပန္ပါတယ္ေနာ္” ဆိုၿပီး ေဒါသမထိန္းႏိုင္ဘဲေရးတင္လိုက္မိတဲ့ ပို႔စ္ေၾကာင့္ ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္ထားပါတယ္။ပရိသတ္ႀကီးေရ တစ္ေခတ္တစ္ခါက ဗီစီဒီေခြတိုင္းမွာ မပါမျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရတဲ့ မင္းသမီးေခ်ာ စမိုင္းလ္ကေတာ့ ယုန္ေလး ေတာင္းပန္ထားတာကို မျမင္ဘဲ စိတ္လိုက္မာန္ပါ ေျပာလိုက္မိတာပါတဲ့။သူဟာ အေမစုကိုခ်စ္တဲ့စိတ္နဲ႔ေရးလိုက္မိတာပါတဲ့ေနာ္။Source: စမိုင္းလ္ Smile