ကိုယ်ကိုယ်တိုင် ဆယ်တန်းမအောင်ခဲ့ပေမယ့် ညီလေး၊ညီမလေးအားလုံးကို အောင်စေချင်ပါတယ်ဆိုတဲ့ ရွှေထူး

Posted on

ကိုယ်ကိုယ်တိုင် ဆယ်တန်းမအောင်ခဲ့ပေမယ့် ညီလေး၊ညီမလေးအားလုံးကို အောင်စေချင်ပါတယ်ဆိုတဲ့ ရွှေထူးပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့သူ ရွှေထူးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်လာခဲ့သူဖြစ်ပြီး ဝန်းရံအားပေးသူပရိသတ်များစွာ ရရှိထားသူပါ။အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်မို့ ဝန်းရံအားပေးသူတွေရှိသလို တိုက်ခိုက်သူတချို့လည်း ရှိတဲ့အထဲမှာ ရွှေထူးအများဆုံးတိုက်ခိုက်ခံရတဲ့အကြောင်းအရာကတော့ ဆယ်တန်းမအောင်တဲ့အကြောင်းပါပဲ ပရိသတ်ကြီးရေ… မြန်မာနိုင်ငံမှာတော့ ဆယ်တန်းအောင်၊မအောင်ကို ဘဝတစ်ခုလိုသတ်မှတ်ပြီး ကြည့်တတ်ကျတာမို့ ရွှေထူးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခဏခဏတိုက်ခိုက်ခံနေရပေမယ့် ဒီနေ့ဆယ်တန်းအောင်စာရင်းရလဒ်နဲ့ပတ်သက်ပြီး ညီလေး၊ညီမလေးကို အားပေးစကားရေးသားမျှဝေခဲ့ပါတယ်။” (၁၀) တန်းဆိုတဲ့အရာကို ကျွန်တော်မအောင်မြင်ခဲ့ပေမယ့်… ဖြေဆိုခဲ့ကြတဲ့ ညီ ညီမတွေအားလုံးကိုအောင်စေချင်တယ်… အောင်မြင်သည်ဖြစ်စေ… ကျရုှံးသည်ဖြစ်စေ…စိတ်ဓာတ်မကျဖို့နဲ့… လမ်းမပျောက်ဖို့ပါပဲ… ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုအလုပ်အကျွေးပြုနိုင်တဲ့သားသမီးတွေဖြစ်ကြပါစေ” ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. ဒီနှစ်မှာ ဆယ်တန်းမအောင်ပေမယ့် နောင်နှစ်ထပ်ကြိုးစားလို့ရသလို အခြားဘဝတိုးတက်ရာလမ်းကြောင်းတွေ တစ်ပုံကြီးမို့ စိတ်ဓာတ်မကျ ကြပါနဲ့နော်။

Source – Shwe Htoo
Rainbow- Cele Gabar

Zawgyi code

ကိုယ္ကိုယ္တိုင္ ဆယ္တန္းမေအာင္ခဲ့ေပမယ့္ ညီေလး၊ညီမေလးအားလုံးကို ေအာင္ေစခ်င္ပါတယ္ဆိုတဲ့ ေ႐ႊထူးပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားတဲ့ သီခ်င္းေပါင္းမ်ားစြာ ေရးစပ္သီဆိုခဲ့သူ ေ႐ႊထူးကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ သာမက ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ရပ္တည္လာခဲ့သူျဖစ္ၿပီး ဝန္းရံအားေပးသူပရိသတ္မ်ားစြာ ရရွိထားသူပါ။ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္မို႔ ဝန္းရံအားေပးသူေတြရွိသလို တိုက္ခိုက္သူတခ်ိဳ႕လည္း ရွိတဲ့အထဲမွာ ေ႐ႊထူးအမ်ားဆုံးတိုက္ခိုက္ခံရတဲ့အေၾကာင္းအရာကေတာ့ ဆယ္တန္းမေအာင္တဲ့အေၾကာင္းပါပဲ ပရိသတ္ႀကီးေရ… ျမန္မာႏိုင္ငံမွာေတာ့ ဆယ္တန္းေအာင္၊မေအာင္ကို ဘဝတစ္ခုလိုသတ္မွတ္ၿပီး ၾကည့္တတ္က်တာမို႔ ေ႐ႊထူးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခဏခဏတိုက္ခိုက္ခံေနရေပမယ့္ ဒီေန႔ဆယ္တန္းေအာင္စာရင္းရလဒ္နဲ႔ပတ္သက္ၿပီး ညီေလး၊ညီမေလးကို အားေပးစကားေရးသားမွ်ေဝခဲ့ပါတယ္။” (၁၀) တန္းဆိုတဲ့အရာကို ကြၽန္ေတာ္မေအာင္ျမင္ခဲ့ေပမယ့္… ေျဖဆိုခဲ့ၾကတဲ့ ညီ ညီမေတြအားလုံးကိုေအာင္ေစခ်င္တယ္… ေအာင္ျမင္သည္ျဖစ္ေစ… က်႐ုွံးသည္ျဖစ္ေစ…စိတ္ဓာတ္မက်ဖို႔နဲ႔… လမ္းမေပ်ာက္ဖို႔ပါပဲ… ငယ္ငယ္႐ြယ္႐ြယ္နဲ႔မိဘကိုအလုပ္အေကြၽးျပဳႏိုင္တဲ့သားသမီးေတြျဖစ္ၾကပါေစ” ဆိုၿပီး ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ.. ဒီႏွစ္မွာ ဆယ္တန္းမေအာင္ေပမယ့္ ေနာင္ႏွစ္ထပ္ႀကိဳးစားလို႔ရသလို အျခားဘဝတိုးတက္ရာလမ္းေၾကာင္းေတြ တစ္ပုံႀကီးမို႔ စိတ္ဓာတ္မက် ၾကပါနဲ႔ေနာ္။Source – Shwe Htoo
Rainbow- Cele Gabar