ဆယ်စုနှစ်တစ်စုစာ အကောင်းအဆိုးတွေအတူတူ ဝေမျှရင်းရှိခဲ့ပေးတဲ့ ဝတ်မှုံရွှေရည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မေဦး
Posted on
ဆယ်စုနှစ်တစ်စုစာ အကောင်းအဆိုးတွေအတူတူ ဝေမျှရင်းရှိခဲ့ပေးတဲ့ ဝတ်မှုံရွှေရည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မေဦးဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချော ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်အတွက် သူမကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ကြသလို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကလည်း မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပင်တိုင်မိတ်ကပ်ပညာရှင်ဖြစ်တဲ့ မိတ်ကပ်မေဦးကလည်း အခုလိုပဲမွေးနေ့ဆုတောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။“Happy birthday par kit lay yay 10 စုနှစ်ကျော်ကြာခဲ့တဲ့အချိန်တွေဟာ မနေ့တစ်နေ့ကလိုပဲနော်။ ကစ်ဘေးနားမှာ မေဦးရှိပေးရင်း အကောင်းတွေအဆိုးတွေ အတူကျော်ဖြတ်ခဲ့ကြတာ ပြန်တွေးကြည့်ရင်း။ ယနေ့ကျရောက်တဲ့မွေးနေ့ကစလို့ ပြည်သူချစ်တဲ့ရွှေမင်းသမီးလေးအဖြစ် ထာဝရ ရပ်တည်နိုင်ပါစေ ❤️💯🥰 ထာဝရ ချစ်ရတဲ့ကစ်ရဲ့မေဦးလေး” ဆိုပြီး ဝတ်မှုံရွှေရည်အတွက် ပြီးပြည့်စုံတဲ့ မွေးနေ့ဆုတောင်းစကားလေး ပြောထားပေးပါတယ်။မေဦးကတော့ ဝတ်မှုံရွှေရည်ရဲ့ အရေးကြီးတဲ့ပွဲတက်တွေအတွက် ပင်တိုင်မိတ်ကပ်လိမ်းခြယ်ပေးရသူဖြစ်ပြီး ဝတ်မှုံရွှေရည်ကလည်း မေဦးကို သူမရဲ့ မောင်နှမသွေးသားတစ်ယောက်လို ချစ်ခင်သူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်တဲ့ မေဦးတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သံယောဇဉ်လေးကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။
Source: May Oo’s fb
Bilie – Cele Connections
Zawgyi code