ပိုင်ဆိုင်မှုတွေနဲ့ပက်သက်ပြီး တစ်သတ်စားမ​ကုန်နိုင်အကြောင်းတွေကို ပြောပြခဲ့တဲ့ ဇေရဲထက်
Posted on
ပိုင်ဆိုင်မှုတွေနဲ့ပက်သက်ပြီး တစ်သတ်စားမ​ကုန်နိုင်အကြောင်းတွေကို ပြောပြခဲ့တဲ့ ဇေရဲထက်ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်ကောင်းစဉ်အခါက် ဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ဇေရဲထက်က အခုဆိုရင် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့တာ (၃)နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။ဇေရဲထက်ကတော့ သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ကို အမြဲတမ်း မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်မှုတွေ စွတ်ခူးခဲ့တဲ့ မင်းသားချောကတော့ အစားအသောက် ချက်ပြုတ်တဲ့နေရာမှာလည်း အရမ်းကို တော်တဲ့သူ ဖြစ်ပါတယ်။အမြဲမပြတ် ဟင်းလက်ရာကောင်းများကို ချက်ပြုတ်ပြီး ပရိတ်သတ်ထံကို မျှဝေတတ်တဲ့သူပါ။ လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ဝါသနာအရ ဈေးရောင်းနေတဲ့ မိခင်ဖြစ်သူအပေါ် မနာလိုသူများက တိုက်ခိုက်ကြတဲ့အတွက် ဇေရဲထက်ကတော့ သူ့ရဲ့ ဖေ့ဘုတ်ကနေတစ်ဆင့် အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ” ငါ့အမေ ဈေးရောင်းနေတာငတ်လို့မဟုတ်ဘူး သူ့ဝါသနာအရ ရောင်းနေတာ ငါ့အမေရဲ့ပိုင်ဆိုင်မူ့က တသက်စားမကုန်ဘူး ရှင်းတယ်နော်ငါပိုင်ဆိုင်တဲ့အရာအားလုံးက အမေ့နာမည်တွေချည်းပဲ ” ဆိုကာ မနာလိုသူတွေ သိရှိစေဖို့ ပြောပြခဲ့ပါတယ်။
Zawgyi code