ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါ

Posted on

ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ကလေးသရုပ်ဆောင် ဂျူလီယာပါဝါရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုမှာ သရုပ်ဆောင်ကြတဲ့ ဇာတ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ကလေးသရုပ်ဆောင်တွေကလည်း ဇာတ်လမ်းတစ်ခုကို အရှိန်ရစေဖို့ ပံ့ပိုးပေးကြသူများ ဖြစ်ကြပါတယ်။ ကလေးသရုပ်ဆောင်တော်တော်များများက အရွယ်ရောက်ကြီးပြင်းလာချိန်မှာ အနုပညာလောကထဲမှာ ဆက်လက်ကျင်လည်ကြပြီး တစ်ချို့ကတော့ အနုပညာလောကကနေ အပြီးတိုင် ပျောက်ကွယ်ပြီး သာမာန်လူတစ်ယောက်အဖြစ်ပဲ နေထိုင်ကြလေ့ရှိပါတယ်။ကလေးသရုပ်ဆောင်တွေထဲက လွန်ခဲ့တဲ့ (၇)နှစ်ကျော် (၈) လောက်က ပရိသတ်တွေသိခဲ့ကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါရဲ့သမီး ဂျူလီယာပါဝါကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဂျူလီယာပါဝါက အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဂျူလီယာပါဝါက သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ဂျူလီယာပါဝါကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး မလှိုင်စာစစ်ဌာနကနေပြီး လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျူလီယာပါဝါအတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aungba Power’s fb
Credit– Cele Connections

Zawgyi code

ဆယ္တန္းကို ဂုဏ္ထူးေလးဘာသာနဲ႔ ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့တဲ့ ကေလးသ႐ုပ္ေဆာင္ ဂ်ဴလီယာပါဝါ႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ခုမွာ သ႐ုပ္ေဆာင္ၾကတဲ့ ဇာတ္ေဆာင္ မင္းသား၊ မင္းသမီး၊ ဇာတ္ပို႔၊ ဇာတ္ရံေတြကလည္း အေရးႀကီးတယ္ဆိုေပမယ့္ ကေလးသ႐ုပ္ေဆာင္ေတြကလည္း ဇာတ္လမ္းတစ္ခုကို အရွိန္ရေစဖို႔ ပံ့ပိုးေပးၾကသူမ်ား ျဖစ္ၾကပါတယ္။ ကေလးသ႐ုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားက အ႐ြယ္ေရာက္ႀကီးျပင္းလာခ်ိန္မွာ အႏုပညာေလာကထဲမွာ ဆက္လက္က်င္လည္ၾကၿပီး တစ္ခ်ိဳ႕ကေတာ့ အႏုပညာေလာကကေန အၿပီးတိုင္ ေပ်ာက္ကြယ္ၿပီး သာမာန္လူတစ္ေယာက္အျဖစ္ပဲ ေနထိုင္ၾကေလ့ရွိပါတယ္။ကေလးသ႐ုပ္ေဆာင္ေတြထဲက လြန္ခဲ့တဲ့ (၇)ႏွစ္ေက်ာ္ (၈) ေလာက္က ပရိသတ္ေတြသိခဲ့ၾကတဲ့ ဒါ႐ိုက္တာ ေအာင္ဗပါဝါရဲ႕သမီး ဂ်ဴလီယာပါဝါကို ပရိသတ္ႀကီး မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဂ်ဴလီယာပါဝါက အခုဆိုရင္ အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးသြားခဲ့ၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆိုထားတာပဲ ျဖစ္ပါတယ္။ ဂ်ဴလီယာပါဝါက သူမရဲ႕ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ျမန္မာစာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ဇီဝေဗဒ ဘာသာရပ္မ်ားနဲ႔ ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။ဂ်ဴလီယာပါဝါကေတာ့ တကၠသိုလ္ဝင္တန္း စာေမးပြဲကို မႏၲေလးတိုင္းေဒသႀကီး မလႈိင္စာစစ္ဌာနကေနၿပီး ေလးဘာသာဂုဏ္ထူးနဲ႔ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဂ်ဴလီယာပါဝါအတြက္ ဝမ္းသာဂုဏ္ယူေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။Source: Aungba Power’s fb
Credit– Cele Connections