ဖြစ်ပျက်ခဲ့တဲ့ စိတ် ရှုပ်ထွေးမှုတွေကို ဖြေဖျောက်ဖို့ တရားဘာဝနာအားထုတ်နေတဲ့ ယုန်လေး
Posted on
ဖြစ်ပျက်ခဲ့တဲ့ စိတ် ရှုပ်ထွေးမှုတွေကို ဖြေဖျောက်ဖို့ တရားဘာဝနာအားထုတ်နေတဲ့ ယုန်လေးယုန်လေးကတော့ တေးရေးတေးဆို တစ်ယောက်အနေနဲ့ အနုပညာ လောကထဲကို စတင်ဝင်ရောက်ကာ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ။ သူမတူအောင်ဖန်တီးရတာတွေကို ဝါသနာပါလွန်းတဲ့ ယုန်လေးကတော့ နောက်ပိုင်းမှာ သရုပ်ဆောင် ဒါရိုက်တာအနေနဲ့ပါ ရုပ်ရှင်ဇာတ်ကား တွေကို ရိုက်ကူးခဲ့ပါတယ်။သို့ပေမဲ့မကြာသေးခင် အချိန်ကတော့ သီချင်း (၁)ပုဒ်ရဲ့ MV ရိုက်ကူးမှုတွေ နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေခံနေခဲ့ရပြီး ရုပ်ရှင်အစည်းရုံးကနေ အနုပညာလှုပ်ရှားမှုတွေကို (၁)နှစ်တိတိရပ်နားခံထားခဲ့ရပါတယ်။ MV နဲ့ ပတ်သက်လို့ ဂယက်တွေလည်း တော်တော်လေးကို ထခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တာ ပရိသတ် တွေလည်း သိရှိပြီးသား ဖြစ်မှာပါ။ယုန်လေးကတော့ လက်ရှိမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ရှုပ် ထွေးမှုတွေကို ဖြေဖျောက် ဖို့ စိတ်အေးချမ်းသာရအောင် တရားဘာဝနာ အားထုတ်နေခဲ့ပါတယ်။ပရိသတ်ကြီးရေ အခုလိုယုန်လးတစ်ယောက် တရားဘာဝနာအားထုတ်နေတဲ့အကြောင်းကိုသူငယ်ချင်းဖြစ်သူ နွေးနွေးချစ်ဖွယ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထား ခဲ့တာပဲဖြစ်ပါတယ်။
Cele zone
Zawgyi code