အိပ်ယာနိုးနိုးချင်းမှာ ချစ်ဇနီးလေးကို မထွေးပွေ့ရတဲ့အတွက် မနက်ခင်းကမပြည့်စုံဘူးဆိုတဲ့ ရွှေထူးရဲ့စကားတစ်ခွန်းကြောင့် ကြွေကျခဲ့ရတဲ့ ရွှေမှုံရတီ

Posted on

အိပ်ယာနိုးနိုးချင်းမှာ ချစ်ဇနီးလေးကို မထွေးပွေ့ရတဲ့အတွက် မနက်ခင်းကမပြည့်စုံဘူးဆိုတဲ့ ရွှေထူးရဲ့စကားတစ်ခွန်းကြောင့် ကြွေကျခဲ့ရတဲ့ ရွှေမှုံရတီပရိသတ်တွေချစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီကတော့ တစ်ယောက်ကိုတစ်ယောက် လေးစားယုံကြည်မှုတွေနဲ့ ခိုင်မာတဲ့ အိမ်ထောင်တစ်ခုကို တူနှစ်ကိုယ်ပုံဖော်နေကြသူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက် (၂)နှစ်နီးပါးရှိသည့်တိုင် တစ်ယောက်ကိုတစ်ယောက် မပြောင်းလဲတဲ့အချစ်တွေနဲ့ ပရိသတ်တွေအားကျရလောက်တဲ့အထိ အသည်းပိုကြသူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကလည်း သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် ကြည်နူးဖွယ်ရာအချစ်တွေအကြောင်းကို ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် သည်းသည်းလှုပ်ချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီကနေ့မှာလည်း ချစ်တဲ့ ပရိသတ်တွေ အားကျစိတ်တွေဖြစ်စေခဲ့တာကို တွေ့ရပါတယ်။ ရွှေထူးက အလုပ်ကိစ္စနဲ့တစ်နယ်တစ်ကျေးကို ရောက်ရှိနေတာဖြစ်ပြီး အိပ်ယာနိုးနိုးချင်းမှာ ချစ်ဇနီးလေးကို မထွေးပွေ့ရတဲ့အတွက် မနက်ခင်းကမပြည့်စုံဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ ချစ်ဇနီးလေးကို ကြွေကျစေခဲ့တာပဲ ဖြစ်ပါတယ်။ရွှေမှုံရတီကလည်း သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရဲ့ စကားတစ်ခွန်းကြောင့် ရင်တွေခုန်သွားရမယ်ဆိုတာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း ရွှေမှုံရတီနဲ့ ရွှေထူးရဲ့ အပြန်အလှန် ပြောစကားတွေကိုကြည့်ပြီး ကြည်နူးနေမိမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati’s fb

Zawgyi code
