(၁၀)တန်းစာမေးပွဲ ကျရှုံးသွားတဲ့ ညီမလေး စိမ်းလဲ့ကို မဆူတဲ့အပြင် နားလည်မှုအပြည့်နဲ့ အားပေးစကားပြောခဲ့တဲ့ နေခြည်ဦး

Posted on

(၁၀)တန်းစာမေးပွဲ ကျရှုံးသွားတဲ့ ညီမလေး စိမ်းလဲ့ကို မဆူတဲ့အပြင် နားလည်မှုအပြည့်နဲ့ အားပေးစကားပြောခဲ့တဲ့ နေခြည်ဦးသရုပ်ဆောင်၊ Beauty Blogger နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကို ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့ပြီး စာမေးပွဲကျရှုံးခဲ့တာကြောင့်တော်တော်လေး စိတ်ထိခိုက်နေရတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေက စိမ်းလဲ့ရတနာအတွက် အားပေးစကားပြောနေသလို အစ်မဖြစ်သူ နေခြည်ဦးကလည်း ညီမလေး စိတ်လျော့အားငယ်တာမျိုးမဖြစ်ရအောင် အားပေးစကားပြောထားတာကို တွေ့ရပါတယ်။နေခြည်ဦးက ညီမငယ် စိမ်းလဲ့ရဲ့ စာမေးပွဲကျတယ်လို့အသိပေးထားတဲ့ ပို့စ်အောက်မှာ ” Strongest heart and will Love you so much” ဆိုပြီး အားပေးစကားပြောထားပါတယ်။ နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကလည်း “စိမ်းလဲ့ကို တစ်မိသားစုလုံး မဆူပဲ အားပေးစကားပြောပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။နေခြည်ဦးကတော့ ညီမလေးကို ဆူတာမျိုးမရှိပဲ နားလည်မှုအပြည့်နဲ့ အားပေးစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ စိမ်းလဲ့လေးလည်း နောက်နှစ်စာမေးပွဲမှာတော့ သေချာပေါက်အောင်မြင်မှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sane’s fb
Bilie – Cele Connections

Zawgyi code

(၁၀)တန္းစာေမးပြဲ က်ရႈံးသြားတဲ့ ညီမေလး စိမ္းလဲ့ကို မဆူတဲ့အျပင္ နားလည္မႈအျပည့္နဲ႔ အားေပးစကားေျပာခဲ့တဲ့ ေနျခည္ဦးသ႐ုပ္ေဆာင္၊ Beauty Blogger ေနျခည္ဦးရဲ႕ ညီမေလး စိမ္းလဲ့ရတနာကို ပရိသတ္ႀကီးအားလုံး သိၿပီးသား ျဖစ္မွာပါ။ ေနျခည္ဦးရဲ႕ ညီမေလး စိမ္းလဲ့ရတနာက တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆိုခဲ့ၿပီး စာေမးပြဲက်ရႈံးခဲ့တာေၾကာင့္ေတာ္ေတာ္ေလး စိတ္ထိခိုက္ေနရတာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြက စိမ္းလဲ့ရတနာအတြက္ အားေပးစကားေျပာေနသလို အစ္မျဖစ္သူ ေနျခည္ဦးကလည္း ညီမေလး စိတ္ေလ်ာ့အားငယ္တာမ်ိဳးမျဖစ္ရေအာင္ အားေပးစကားေျပာထားတာကို ေတြ႕ရပါတယ္။ေနျခည္ဦးက ညီမငယ္ စိမ္းလဲ့ရဲ႕ စာေမးပြဲက်တယ္လို႔အသိေပးထားတဲ့ ပို႔စ္ေအာက္မွာ ” Strongest heart and will Love you so much” ဆိုၿပီး အားေပးစကားေျပာထားပါတယ္။ ေနျခည္ဦးရဲ႕ ညီမေလး စိမ္းလဲ့ရတနာကလည္း “စိမ္းလဲ့ကို တစ္မိသားစုလုံး မဆူပဲ အားေပးစကားေျပာေပးၾကတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္” ဆိုၿပီး ေျပာထားပါတယ္။ေနျခည္ဦးကေတာ့ ညီမေလးကို ဆူတာမ်ိဳးမရွိပဲ နားလည္မႈအျပည့္နဲ႔ အားေပးစကားေျပာခဲ့တာပဲ ျဖစ္ပါတယ္။ စိမ္းလဲ့ေလးလည္း ေနာက္ႏွစ္စာေမးပြဲမွာေတာ့ ေသခ်ာေပါက္ေအာင္ျမင္မွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။Source: Sane’s fb
Bilie – Cele Connections