ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ရပ်နားခံရပေမယ့် အလုပ်အပ်ကြတဲ့ လုပ်ငန်းရှင်တွေကြောင့် ကြော်ငြာလေးတွေရိုက်ကူးဖြစ်နေတဲ့ ယုန်လေး

Posted on

ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ရပ်နားခံရပေမယ့် အလုပ်အပ်ကြတဲ့ လုပ်ငန်းရှင်တွေကြောင့် ကြော်ငြာလေးတွေရိုက်ကူးဖြစ်နေတဲ့ ယုန်လေးယုန်လေးကတော့ အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ ကျင်လည်ခဲ့ပြီး အနုပညာကို ဝါသနာပါလွန်းတာကြောင့် သူကိုယ်တိုင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်း MV တွေကို ဒါရိုက်တာလုပ်ပြီ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ သူကိုယ်တိုင်စီစဉ်ပြီး ဒါရိုက်တာလုပ် ရိုက်ကူးတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းကြောင့် ရုပ်ရှင်အစည်းအရုံးကနေ ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်တိတိ တားမြစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ယုန်လေးကတော့ ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ရပ်နားခံခဲ့ရပေမယ့် အလုပ်အပ်ကြတဲ့ လုပ်ငန်းရှင်တွေကြောင့် အလုပ်တွေကို ဆက်လက်လုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ဒီကနေ့မှာလည်း အွန်လိုင်းကြော်ငြာလေးတစ်ခုရိုက်ကူးဖြစ်နေကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြီး “ဒီအချိန် ဒီလို ကြေညာလေးတွေပေးပြီး အလုပ်ပေးတဲ့ လူတိုင်းကို အထူးကျေးဇူးပါ 🤍🤍🤍🤍🤍🤍🤍🤍🤍” ဆိုပြီး ဝမ်းသာစွာနဲ့ မျှဝေပေးထားပါတယ်။ယုန်လေးးကတော့ သူ့ကိုချစ်ကြတဲ့သူတွေကြောင့် အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးကလည်း ယုန်လေးရဲ့ အွန်လိုင်း ကြော်ငြာလေးတွေကို စောင့်မျှော်အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Credit– Cele Connections

Zawgyi version

႐ုပ္ရွင္႐ိုက္ကူးခြင့္ တစ္ႏွစ္ရပ္နားခံရေပမယ့္ အလုပ္အပ္ၾကတဲ့ လုပ္ငန္းရွင္ေတြေၾကာင့္ ေၾကာ္ျငာေလးေတြ႐ိုက္ကူးျဖစ္ေနတဲ့ ယုန္ေလးယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ဂီတေလာကမွာ က်င္လည္ခဲ့ၿပီး အႏုပညာကို ဝါသနာပါလြန္းတာေၾကာင့္ သူကိုယ္တိုင္ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ သီခ်င္း MV ေတြကို ဒါ႐ိုက္တာလုပ္ၿပီ ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက ၿပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ သူကိုယ္တိုင္စီစဥ္ၿပီး ဒါ႐ိုက္တာလုပ္ ႐ိုက္ကူးတဲ့ “ငါတို႔အားလုံးရဲ႕ေျမ” သီခ်င္းေၾကာင့္ ႐ုပ္ရွင္အစည္းအ႐ုံးကေန ႐ုပ္ရွင္႐ိုက္ကူးခြင့္ တစ္ႏွစ္တိတိ တားျမစ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ယုန္ေလးကေတာ့ ႐ုပ္ရွင္႐ိုက္ကူးခြင့္ တစ္ႏွစ္ရပ္နားခံခဲ့ရေပမယ့္ အလုပ္အပ္ၾကတဲ့ လုပ္ငန္းရွင္ေတြေၾကာင့္ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက ဒီကေန႔မွာလည္း အြန္လိုင္းေၾကာ္ျငာေလးတစ္ခု႐ိုက္ကူးျဖစ္ေနေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝၿပီး “ဒီအခ်ိန္ ဒီလို ေၾကညာေလးေတြေပးၿပီး အလုပ္ေပးတဲ့ လူတိုင္းကို အထူးေက်းဇူးပါ 🤍🤍🤍🤍🤍🤍🤍🤍🤍” ဆိုၿပီး ဝမ္းသာစြာနဲ႔ မွ်ေဝေပးထားပါတယ္။ယုန္ေလးးကေတာ့ သူ႔ကိုခ်စ္ၾကတဲ့သူေတြေၾကာင့္ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနလ်က္ရွိပါတယ္။ ပရိသတ္ႀကီးကလည္း ယုန္ေလးရဲ႕ အြန္လိုင္း ေၾကာ္ျငာေလးေတြကို ေစာင့္ေမွ်ာ္အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။Source: Yone Lay’s fb
Credit– Cele Connections