တိုးချဲ့လိုက်တဲ့အညာမြေစားသောက်ဆိုင်ခွဲသစ်ကြီးမှာ မိသားစုတွေစုံစုံလင်လင်နဲ့ ခန်းနားထည်ဝါစွာဖွင့်လှစ်ခဲ့တဲ့ ခင်လှိုင်တို့ဇနီးမောင်နှံ

Posted on

တိုးချဲ့လိုက်တဲ့အညာမြေစားသောက်ဆိုင်ခွဲသစ်ကြီးမှာ မိသားစုတွေစုံစုံလင်လင်နဲ့ ခန်းနားထည်ဝါစွာဖွင့်လှစ်ခဲ့တဲ့ ခင်လှိုင်တို့ဇနီးမောင်နှံပရိသတ်ကြီးရေ….ဟာသပြက်လုံးလေးတွေနဲ့ လူအများကိုရယ်မောပျော်ရွှင်စေနိုင်တဲ့ ဦးခင်လှိုင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ လူရွှင်တော်တစ်ယောက်အနေနဲ့ရော ဟာသသရုပ်ဆောင်ကြီးတစ်ယောက်အနေနဲ့အပြင် ဒရမ်မာမျိုးစုံကိုလည်းပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရဝါရင့်အနုပညာရှင်ကြီးဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ အခုနောက်ပိုင်းမှာဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ စတင်ပြီးလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ဦးခင်လှိုင်ဟာ သာယာချမ်းမြေ့စရာကောင်းတဲ့မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သားဖြစ်သူနေရဲနဲ့ သမီးလေးသဲသဲဟာဆိုရင်လည်း ဖေဖေ့ရဲ့အမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာပါနော်။ ဦးခင်လှိုင်နဲ့ ဇနီးဖြစ်သူဟာလည်း စိတ်တူကိုယ်တူနဲ့ရှေ့သွားနောက်လိုက်ညီကြတဲ့ သူတွေဖြစ်ပြီးအမြဲအတွဲညီညီနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။ဦးခင်လှိုင်တို့မိသားစုဟာ စီးပွားရေးလုပ်ငန်းတွေလည်း တိုးချဲ့လုပ်ကိုင်နေတာလည်းဖြစ်ပြီး မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ကျွန်တော်တို့ရဲ့ အညာမြေ စားဖွယ်စုံ ဆိုင် ၁ အသစ်ပြန်လည်တိုးချဲ့ပြုပြင်ပြီး ဒီနေ့စတင်ဖွင့်ပါပြီ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ မြန်မာ့ရိုးရာစားစရာတွေအပြင် ပင်လယ်စာ စပ်စပ်ထောင်းပါရမယ်နော် လှပလွန်းတဲ့ဆိုင်အပြင်အဆင်လေးမှာဓါတ်ပုံလှလှလေးတွေရိုက်ရင်း အညာမြေ ရဲ့ စားဖွယ်စုံကို မြိန်မြိန်လေးစားကြရအောင် ခင်မင်စွာ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khin Hlaing’s Facebook acc
Source-Khin Hlaing’s Facebook acc

Zawgyi version

တိုးခ်ဲ႕လိုက္တဲ့အညာေျမစားေသာက္ဆိုင္ခြဲသစ္ႀကီးမွာ မိသားစုေတြစုံစုံလင္လင္နဲ႔ ခန္းနားထည္ဝါစြာဖြင့္လွစ္ခဲ့တဲ့ ခင္လႈိင္တို႔ဇနီးေမာင္ႏွံပရိသတ္ႀကီးေရ….ဟာသျပက္လုံးေလးေတြနဲ႔ လူအမ်ားကိုရယ္ေမာေပ်ာ္႐ႊင္ေစႏိုင္တဲ့ ဦးခင္လႈိင္ကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သူဟာ လူ႐ႊင္ေတာ္တစ္ေယာက္အေနနဲ႔ေရာ ဟာသသ႐ုပ္ေဆာင္ႀကီးတစ္ေယာက္အေနနဲ႔အျပင္ ဒရမ္မာမ်ိဳးစုံကိုလည္းပိုင္ႏိုင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ စြယ္စုံရဝါရင့္အႏုပညာရွင္ႀကီးျဖစ္ပါတယ္။ ဦးခင္လႈိင္ဟာ အခုေနာက္ပိုင္းမွာဆိုရင္ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ပါ စတင္ၿပီးလုပ္ကိုင္ေနတာလည္းျဖစ္ပါတယ္။ဦးခင္လႈိင္ဟာ သာယာခ်မ္းေျမ့စရာေကာင္းတဲ့မိသားစုဘ၀ေလးကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ၿပီး သားျဖစ္သူေနရဲနဲ႔ သမီးေလးသဲသဲဟာဆိုရင္လည္း ေဖေဖ့ရဲ႕အေမြကိုဆက္ခံၿပီး အႏုပညာအလုပ္ေတြလုပ္ကိုင္ေနတာပါေနာ္။ ဦးခင္လႈိင္နဲ႔ ဇနီးျဖစ္သူဟာလည္း စိတ္တူကိုယ္တူနဲ႔ေရွ႕သြားေနာက္လိုက္ညီၾကတဲ့ သူေတြျဖစ္ၿပီးအၿမဲအတြဲညီညီနဲ႔ စီးပြားေရးလုပ္ငန္းေတြကိုပါ လုပ္ကိုင္ေနၾကတာလည္းျဖစ္ပါတယ္။ဦးခင္လႈိင္တို႔မိသားစုဟာ စီးပြားေရးလုပ္ငန္းေတြလည္း တိုးခ်ဲ႕လုပ္ကိုင္ေနတာလည္းျဖစ္ၿပီး မၾကာေသးမီကလည္း သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ကြၽန္ေတာ္တို႔ရဲ႕ အညာေျမ စားဖြယ္စုံ ဆိုင္ ၁ အသစ္ျပန္လည္တိုးခ်ဲ႕ျပဳျပင္ၿပီး ဒီေန႔စတင္ဖြင့္ပါၿပီ ခ်စ္မိတ္ေဆြအေပါင္းတို႔ခင္ဗ်ာ ျမန္မာ့႐ိုးရာစားစရာေတြအျပင္ ပင္လယ္စာ စပ္စပ္ေထာင္းပါရမယ္ေနာ္ လွပလြန္းတဲ့ဆိုင္အျပင္အဆင္ေလးမွာဓါတ္ပုံလွလွေလးေတြ႐ိုက္ရင္း အညာေျမ ရဲ႕ စားဖြယ္စုံကို ၿမိန္ၿမိန္ေလးစားၾကရေအာင္ ခင္မင္စြာ ဖိတ္ေခၚလိုက္ပါရေစခင္ဗ်ာ” ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။Photo credit-Khin Hlaing’s Facebook acc
Source-Khin Hlaing’s Facebook acc