ရုပ်ရှင်လောကထဲ မဝင်ခင် လက်ဖက်ရည်ဆိုင်တွေကို မီးသွေး လိုက်ပို့ရတဲ့အထိ ဘဝကိုရုန်းကန်ခဲ့ ရပုံကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတဲ့ ယွန်းရွှေရည်
Posted on
ရုပ်ရှင်လောကထဲ မဝင်ခင် လက်ဖက်ရည်ဆိုင်တွေကို မီးသွေး လိုက်ပို့ရတဲ့အထိ ဘဝကိုရုန်းကန်ခဲ့ ရပုံကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတဲ့ ယွန်းရွှေရည်သရုပ်ဆောင် ယွန်းရွှေရည်ကတော့ လက်ရှိ မှာ အလုပ်သဘောအရ Online ပေါ်ကနေ အချိန်ပိုင်း နဲ့ Live လွှင့်ပြီး ဈေးရောင်းပေးနေတယ်လို့ ဆိုပါတယ်။ ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှု ကို ရရှိလာတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။Covid ကာလ မှာတော့ ယွန်းရွှေရည် ဟာ အနုပညာလုပ်ငန်းတွေ ကို ရပ်နားထားခဲ့တာပါ ယွန်းရွှေရည်က ရုပ်ရှင်လောက ထဲမရောက်ခင် မိဘတွေရဲ့ စီးပွားရေးခက်ခဲစဉ်က ရုန်းကန်ခဲ့ရပုံကို ပြောပြ လာခဲ့ တာဖြစ်ပါတယ်ယွန်းရွှေရည်က“အဖေက ဝပ်ရှော့လောကမှာ နာမည်ကြီး ဝပ်ရှော့ဆရာတစ်ယောက်ပါ။ တခါတလေ မနက်မိုးလင်းထိ အလုပ်လုပ်နေတဲ့နေ့ရက်တွေတောင်ရှိခဲ့ပါတယ် အရမ်းနာမည်ကြီးခဲ့သလို ပိုက်ဆံလည်းတော်တော်ရှိခဲ့တာပေါ့။အမတွေလက်ထက်က ကားတွေဘာတွေနဲ့ အေးအေးဆေးဆေးနေနိုင်ခဲ့ပေမယ့် နောက်ပိုင်း စီးပွားရေး ကျသွားတဲ့အချိန်မှာ ဒုက္ခရောက်ခဲ့ရတယ်။အမကိုယ်တိုင်လက်ဖက်ရည်ဆိုင်တွေမှာ မီးသွေးတောင်းလိုက်ပို့တဲ့အထိ လုပ်ခဲ့ရတာပေါ့။မရှက်ပါဘူး။ကိုယ့်မိသားစုအရေးကိုယ်ရှင်းရတာဆိုတော့လေ…အမဆရာကျော်ဇောလင်းဆီမှာ အပ်ပေးရင်းက ဒီလောကထဲရောက်လာခဲ့တာပါ။ငယ်ဘဝ ရုပ်ရှင်လောကထဲ မရောက်ခင် လက်ဖက်ရည်ဆိုင်တွေမှာ မီးသွေးတောင်း လိုက်ပို့ရတဲ့အထိ ခက်ခဲစွာရုန်းကန်ခဲ့ရပုံကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးယွန်းရွှေရည်က”“ကိုယ့်ကိုပေးထားတဲ့ အနုပညာကြေးနဲ့ ထိုက်တန်တဲ့ အနုပညာကို ပြန်လည်ပေးဆပ်မယ်။ကိုယ့်ကိုခေါင်းဆောင် မင်းသမီး အဖြစ်ရိုက်စေချင်တဲ့ ပရိသတ်တွေ ကိုလည်းကျေးဇူးတင်တယ်…”လို့လည်း ပြောသွားခဲ့တာပါပရိသတ်ကြီးရေဒါကတော့ ပရိသတ်တွေမသိသေးတဲ့ ယွန်းရွှေရည်ရဲ့ ငယ်ဘဝဖြတ်သန်းခဲ့ရပုံလေးပဲဖြစ်ပါတယ်နော်။ အတုယူစရာလေး ဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ပါရစေ.
Credit ShweYaungMyanmar
Zawgyi version