ရခိုင်ပြည်နယ်အတွက် အလှူငွေ သိန်း (၅၀) နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

Posted on

ရခိုင်ပြည်နယ်အတွက် အလှူငွေ သိန်း (၅၀) နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစုချစ်စရာကောင်းပြီး နွေးထွေးလုံခြုံမှုတွေနဲ့ လွှမ်းခြုံထားတဲ့ စမိုင်းလ်တို့ မိသားစုလေးကို ပရိသတ်တိုင်း ချစ်ကြမယ် ထင်ပါတယ်။ စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာတွေနဲ့ သီချင်း MV တွေမှာ နေရာယူထားနိုင်ခဲ့ပြီး အသက်အရွယ်တစ်ခုကို ရောက်ရှိလာချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့သာ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေး လုပ်ကိုင်နေလျက်ရှိပါတယ်။ ကြွယ်ဝချမ်းသာသလို အလှူအတန်းတွေကိုလည်း အမြဲမပြတ် ပြုလုပ်လှူဒါန်းနေတဲ့ စမိုင်းလ်တို့ မိသားစုက ဒီကနေ့မှာလည်း ကောင်းမှုကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။စမိုင်းလ်က သူမရဲ့ ဒီကနေ့ ကုသိုလ်လေးကို “ရခိုင်ပြည်နယ်အတွက် အလှူငွေသိန်း ( ၅၀ ) PPE ဝတ်စုံ ( ၄၄ ) စုံ Mask အခု ( ၂၅၀ ) အား We Love Yangon အသင်းအဖွဲ့သို့လှူဒါန်းကုသိုလ်ပြု။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး ကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းဝေးကြပါစေ🙏🏼🙏🏼🙏🏼” ဆိုပြီး သူမတို့ မိသားစုရဲ့ အလှူလေးအတွက် ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ အခုလိုပဲ မျှဝေပြောပြလာပါတယ်။စမိုင်းလ်တို့ မိသားစုကတော့ ကိုဗစ်ကာလမှာ ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေးတွေအတွက် အလှူအတန်းတွေ များစွာကို ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့မိသားစုရဲ့ ဒီကနေ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: စမိုင်းလ် Smile’s fb
Credit – Cele Connections

Zawgyi version

ရခိုင္ျပည္နယ္အတြက္ အလႉေငြ သိန္း (၅၀) ႏွင့္ က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ားကို လႉဒါန္းခဲ့တဲ့ စမိုင္းလ္တို႔မိသားစုခ်စ္စရာေကာင္းၿပီး ေႏြးေထြးလုံၿခဳံမႈေတြနဲ႔ လႊမ္းၿခဳံထားတဲ့ စမိုင္းလ္တို႔ မိသားစုေလးကို ပရိသတ္တိုင္း ခ်စ္ၾကမယ္ ထင္ပါတယ္။ စမိုင္းလ္က တစ္ေခတ္တစ္ခါက ေၾကာ္ျငာေတြနဲ႔ သီခ်င္း MV ေတြမွာ ေနရာယူထားႏိုင္ခဲ့ၿပီး အသက္အ႐ြယ္တစ္ခုကို ေရာက္ရွိလာခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူနဲ႔သာ စီးပြားေရးလုပ္ငန္းေတြကို ဦးစားေပး လုပ္ကိုင္ေနလ်က္ရွိပါတယ္။ ႂကြယ္ဝခ်မ္းသာသလို အလႉအတန္းေတြကိုလည္း အၿမဲမျပတ္ ျပဳလုပ္လႉဒါန္းေနတဲ့ စမိုင္းလ္တို႔ မိသားစုက ဒီကေန႔မွာလည္း ေကာင္းမႈကုသိုလ္ေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။စမိုင္းလ္က သူမရဲ႕ ဒီကေန႔ ကုသိုလ္ေလးကို “ရခိုင္ျပည္နယ္အတြက္ အလႉေငြသိန္း ( ၅၀ ) PPE ဝတ္စုံ ( ၄၄ ) စုံ Mask အခု ( ၂၅၀ ) အား We Love Yangon အသင္းအဖြဲ႕သို႔လႉဒါန္းကုသိုလ္ျပဳ။ ရခိုင္ျပည္နယ္အပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံး ကပ္ေရာဂါဆိုးႀကီးမွအျမန္ဆုံးကင္းေဝးၾကပါေစ🙏🏼🙏🏼🙏🏼” ဆိုၿပီး သူမတို႔ မိသားစုရဲ႕ အလႉေလးအတြက္ ပရိသတ္ေတြ သာဓုေခၚဆိုႏိုင္ဖို႔ အခုလိုပဲ မွ်ေဝေျပာျပလာပါတယ္။စမိုင္းလ္တို႔ မိသားစုကေတာ့ ကိုဗစ္ကာလမွာ ေရာဂါပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ကုသေရးေတြအတြက္ အလႉအတန္းေတြ မ်ားစြာကို ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စမိုင္းလ္တို႔မိသားစုရဲ႕ ဒီကေန႔ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။Source: စမိုင္းလ္ Smile’s fb
Credit – Cele Connections