ဈေးရောင်းနေတော့ စားဝတ်နေရေးအတွက်နဲ့ဇာတ်ကားရိုက်စရာမလိုတော့ဘူးဆိုတဲ့ သရုပ်ဆောင်နေဆန်း

Posted on

ဈေးရောင်းနေတော့ စားဝတ်နေရေးအတွက်နဲ့ဇာတ်ကားရိုက်စရာမလိုတော့ဘူးဆိုတဲ့ သရုပ်ဆောင်နေဆန်း“နယူးချစ်တီး”ဆိုတဲ့ ချစ်တီးထမင်းဆိုင် ဖွင့်ထားတဲ့ သရုပ်ဆောင် နေဆန်းကတော့ ဈေးရောင်းနေတဲ့အတွက်အရင်လို စားဝတ်နေရေးကြောင့် ဇာတ်ကား ရိုက်စရာမလိုတော့ဘူးလို့ ပြောပါတယ်။“ကိုယ့်ဝမ်းနာ ကိုယ်သာသိလေ။ အရင်က ကျနော် ထမင်းမရောင်းခင်ကဆို သရုပ်ဆောင် လုပ်ပြီးတော့ ဟိုးအရင်ကဆို မင်းသား လုပ်ရတယ်။ အခုဆိုရင် ဇာတ်ပို့ဇာတ်ရံ လုပ်ရတယ်။ ပရော်ဖက်ရှင်နယ် အနေနဲ့ လုပ်ခဲ့ရတယ်။ ကားရိုက်မှ ထမင်းစားရမှာလေ။ ကားမရရအောင် ရိုက်ရအောင် လုပ်ရတယ်။ အခုနောက်ပိုင်း ထမင်းဆိုင်လေး ဖွင့်လိုက်တော့ ဟိုဘက်ကို သိပ်အားမစိုက်ဖြစ်တော့ဘူး။ ထမင်းစားဖို့အတွက် ကားမရိုက်ရတော့ဘူး ဖြစ်သွားတာပေါ့”လို့ နေဆန်းက ပြောပါတယ်။မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ရာမှ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာတော့ ဇာတ်ပို့ဇာတ်ရံ တယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ဇာတ်ကားတွေ နည်းပါးလာတဲ့အချိန်မှာတော့ မိသားစု စားဝတ်နေရေးအတွက် ထမင်းဆိုင်ဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။“တကယ့်တကယ် ဒီလောကက ဇာတ်ပို့ဇာတ်ရံတွေက ကားရိုက်ရှိမှ အဆင်ပြေမှာကို ကားရိုက် မရှိဘူးဆိုရင် တစ်ခုမဟုတ် တစ်ခု အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်ရတော့မှာပဲ။ အဲ့မှာမှ အလွယ်ဆုံး လုပ်လို့ရတာက ဈေးရောင်းတဲ့ အလုပ်ပဲလေ။ ကိုယ့်ဝမ်းနာကိုယ်သာသိ လုပ်ရတော့မှာပဲ”။“ကျနော် ကံကောင်းတာက ၂ နှစ်လောက် ကြိုပြီးတော့ လုပ်လိုက်မိလို့။ မလုပ်မိဘူးဆိုရင် တစ်ခုခုတော့ ဈေးက ရောင်းရမှာပဲ။ ပြောလည်း ကိုယ်မှ သူများတွေကို မတရားလုပ်တာမှ မဟုတ်တာ” လို့ နေဆန်းက ပြောပါတယ်။ကိုဗစ် စဖြစ်တဲ့ အချိန်ကာလများမှာ ဆိုင်ကို ၁ လခန့် ပိတ်လိုက်ရပြီး နောက်ပိုင်းမှာတော့ ပါဆယ်တွေအနေနဲ့ ရောင်းဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။“အခုကတော့ ကျနော့်ဆိုင်က မဆိုးပါဘူး။ ဟိုအရင် ပုံမှန်ရောင်းနေကျ ပုံစံအတိုင်း ပြန်ဖြစ်လာပါပြီ။ ကိုဗစ်ကာလဖြစ်တော့ ၁ လကျော်လောက် ပိတ်လိုက်ရတယ်။ ပိတ်ပြီးတော့ ဝန်ထမ်းတွေက အသံတွေထွက်လာတော့ ပါဆယ်လေးပဲ ရောင်းလို့ရမယ်ဆိုတော့ ၁ လကျော်ပဲ ပိတ်လိုက်တယ်”။“၅ လပိုင်းမှာ ပါဆယ်လေးတွေ ပြန်ရောင်းတယ်။ အစပိုင်းကတော့ သိပ်မရောင်းရဘူး။ ရှုံးတာပေါ့။ ဝန်ထမ်းစရိတ်လေး ထိန်းမိရင် ပြီးတာပဲဆိုပြီး လုပ်နေရင်းနဲ့ Quarantine အော်ဒါလေးတွေ ရတယ်။ မရှုံးတော့ဘူးပေါ့” လို့ နေဆန်းက ပြောပါတယ်။သရုပ်ဆောင် နေဆန်းကတော့ “နယူးချစ်တီး”ဆိုတဲ့ ချစ်တီးထမင်းဆိုင်ကို တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်ရောင်းချနေတာ အခုဆိုရင် ၂ နှစ်ခန့်ရှိပြီပဲ ဖြစ်ပါတယ်။

Mg Kaung

Zawgyi version

ေဈးေရာင္းေနေတာ့ စားဝတ္ေနေရးအတြက္နဲ႔ဇာတ္ကား႐ိုက္စရာမလိုေတာ့ဘူးဆိုတဲ့ သ႐ုပ္ေဆာင္ေနဆန္း“နယူးခ်စ္တီး”ဆိုတဲ့ ခ်စ္တီးထမင္းဆိုင္ ဖြင့္ထားတဲ့ သ႐ုပ္ေဆာင္ ေနဆန္းကေတာ့ ေဈးေရာင္းေနတဲ့အတြက္အရင္လို စားဝတ္ေနေရးေၾကာင့္ ဇာတ္ကား ႐ိုက္စရာမလိုေတာ့ဘူးလို႔ ေျပာပါတယ္။“ကိုယ့္ဝမ္းနာ ကိုယ္သာသိေလ။ အရင္က က်ေနာ္ ထမင္းမေရာင္းခင္ကဆို သ႐ုပ္ေဆာင္ လုပ္ၿပီးေတာ့ ဟိုးအရင္ကဆို မင္းသား လုပ္ရတယ္။ အခုဆိုရင္ ဇာတ္ပို႔ဇာတ္ရံ လုပ္ရတယ္။ ပေရာ္ဖက္ရွင္နယ္ အေနနဲ႔ လုပ္ခဲ့ရတယ္။ ကား႐ိုက္မွ ထမင္းစားရမွာေလ။ ကားမရရေအာင္ ႐ိုက္ရေအာင္ လုပ္ရတယ္။ အခုေနာက္ပိုင္း ထမင္းဆိုင္ေလး ဖြင့္လိုက္ေတာ့ ဟိုဘက္ကို သိပ္အားမစိုက္ျဖစ္ေတာ့ဘူး။ ထမင္းစားဖို႔အတြက္ ကားမ႐ိုက္ရေတာ့ဘူး ျဖစ္သြားတာေပါ့”လို႔ ေနဆန္းက ေျပာပါတယ္။မင္းသားတစ္ေယာက္အေနနဲ႔ ရပ္တည္ခဲ့ရာမွ အသက္အ႐ြယ္တစ္ခု ေရာက္လာတဲ့အခါမွာေတာ့ ဇာတ္ပို႔ဇာတ္ရံ တေယာက္အျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ့ၿပီး ဇာတ္ကားေတြ နည္းပါးလာတဲ့အခ်ိန္မွာေတာ့ မိသားစု စားဝတ္ေနေရးအတြက္ ထမင္းဆိုင္ဖြင့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။“တကယ့္တကယ္ ဒီေလာကက ဇာတ္ပို႔ဇာတ္ရံေတြက ကား႐ိုက္ရွိမွ အဆင္ေျပမွာကို ကား႐ိုက္ မရွိဘူးဆိုရင္ တစ္ခုမဟုတ္ တစ္ခု အသက္ေမြးဝမ္းေၾကာင္း အလုပ္ကို လုပ္ရေတာ့မွာပဲ။ အဲ့မွာမွ အလြယ္ဆုံး လုပ္လို႔ရတာက ေဈးေရာင္းတဲ့ အလုပ္ပဲေလ။ ကိုယ့္ဝမ္းနာကိုယ္သာသိ လုပ္ရေတာ့မွာပဲ”။“က်ေနာ္ ကံေကာင္းတာက ၂ ႏွစ္ေလာက္ ႀကိဳၿပီးေတာ့ လုပ္လိုက္မိလို႔။ မလုပ္မိဘူးဆိုရင္ တစ္ခုခုေတာ့ ေဈးက ေရာင္းရမွာပဲ။ ေျပာလည္း ကိုယ္မွ သူမ်ားေတြကို မတရားလုပ္တာမွ မဟုတ္တာ” လို႔ ေနဆန္းက ေျပာပါတယ္။ကိုဗစ္ စျဖစ္တဲ့ အခ်ိန္ကာလမ်ားမွာ ဆိုင္ကို ၁ လခန႔္ ပိတ္လိုက္ရၿပီး ေနာက္ပိုင္းမွာေတာ့ ပါဆယ္ေတြအေနနဲ႔ ေရာင္းျဖစ္ၿပီး အခုေနာက္ပိုင္းမွာေတာ့ ပုံမွန္ျပန္ျဖစ္ေနၿပီလို႔ ဆိုပါတယ္။“အခုကေတာ့ က်ေနာ့္ဆိုင္က မဆိုးပါဘူး။ ဟိုအရင္ ပုံမွန္ေရာင္းေနက် ပုံစံအတိုင္း ျပန္ျဖစ္လာပါၿပီ။ ကိုဗစ္ကာလျဖစ္ေတာ့ ၁ လေက်ာ္ေလာက္ ပိတ္လိုက္ရတယ္။ ပိတ္ၿပီးေတာ့ ဝန္ထမ္းေတြက အသံေတြထြက္လာေတာ့ ပါဆယ္ေလးပဲ ေရာင္းလို႔ရမယ္ဆိုေတာ့ ၁ လေက်ာ္ပဲ ပိတ္လိုက္တယ္”။“၅ လပိုင္းမွာ ပါဆယ္ေလးေတြ ျပန္ေရာင္းတယ္။ အစပိုင္းကေတာ့ သိပ္မေရာင္းရဘူး။ ရႈံးတာေပါ့။ ဝန္ထမ္းစရိတ္ေလး ထိန္းမိရင္ ၿပီးတာပဲဆိုၿပီး လုပ္ေနရင္းနဲ႔ Quarantine ေအာ္ဒါေလးေတြ ရတယ္။ မရႈံးေတာ့ဘူးေပါ့” လို႔ ေနဆန္းက ေျပာပါတယ္။သ႐ုပ္ေဆာင္ ေနဆန္းကေတာ့ “နယူးခ်စ္တီး”ဆိုတဲ့ ခ်စ္တီးထမင္းဆိုင္ကို ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ဖြင့္လွစ္ေရာင္းခ်ေနတာ အခုဆိုရင္ ၂ ႏွစ္ခန႔္ရွိၿပီပဲ ျဖစ္ပါတယ္။Mg Kaung