ဖြူဖြူထွေးကို ချီးကျူးခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုအပေါ် ပွင့်ပွင့်လင်းလင်းတုံ့ပြန်ခဲ့တဲ့ နေထက်လင်း

Posted on

ဖြူဖြူထွေးကို ချီးကျူးခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုအပေါ် ပွင့်ပွင့်လင်းလင်းတုံ့ပြန်ခဲ့တဲ့ နေထက်လင်းပရိတ်သတ်ကြီးရေ မင်းသားကြီး နေထက်လင်းကတော့ ဖြူဖြူထွေးနဲ့ ပက်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေအပေါ် ဖြူဖြူထွေးကို ချီးကျူးစကားပြောဆိုခဲ့တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ပက်သက်ပြီး မင်းသားကြီး နေထက်လင်းကတော့ သူ့ရဲ့ ခံယူချက်ကို အခုလိုပဲ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။နေထက်လင်း ပြောခဲ့တာကတော့ ” ကျွန်တော် ဖြူဖြူထွေးကို ချီးကျူးတယ်ဆိုတာကလည်း ကျောက်ရိုင်းတစ်လုံးကို ဈေးဖြတ်သလိုပါပဲ သိန်းရာကျော်တန်တဲ့ကျောက်ကို ကျွန်တော်က ၁၂ သိန်းပဲ တန်တယ်လို့ ပြောလို့ ဘယ်ကောင်းမလဲ ။ ကျွန်တော် ဖြူဖြူထွေးကိုမှ မဟုတ်ပါဘူး ဘယ်သူ့ကိုမဆို သူကတော့ ဖြစ်နိုင်တယ် ဘာတွေပြင်သင့်တယ် ပြောတာပါပဲ။ ကျွန်တော်တို့ အောင်မြင်ပြီးသားလူတွေကတော့ မုဒိတာ ပွားလို့ရတာပေ့ါ။ဒီစည်းစိမ် ဒီအောင်မြင်မှုတွေဆိုတာ ကျွန်တော်တို့ ခံစားပြီးပြီလေ။ အခုဆို ကျွန်တော့်သားလေးကိုတောင် မြေတောင်မြှောက်ပေးနေပြီ။ ကျွန်တော်လည်း မင်းသမီး မင်းသားတွေ အများကြီးကို မွေးထုတ်ခဲ့ပြီးပြီလေ။ ငပွကြီးလုပ်ပြီး ဖြူဖြူထွေးဘက်ကနေ ရပ်တည်ပေးနေတာလည်း မဟုတ်ဘူး။ ဖြူဖြူထွေး အောင်မြင်နိုင်ချေရှိတာကို ကျွန်တော်က ထောက်ပြပေးခဲ့တာပါ။ဖြူဖြူထွေးက ဖုန်းနဲ့ ကြော်ညာဗီဒီယိုများ ရိုက်ကူးနေမှုအပေါ် ဈေးကွက်ကို ဖျက်စီးတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ပက်သက်ပြီးတော့လည်း မင်းသားနေထက်လင်းက အခုလိုပဲ ဖြေဆိုခဲ့ပါတယ်။ ” ဈေးကွက်လိုအပ်ချက်အရ သူ့ဘာသာ ဘာနဲ့ပဲ ရိုက်ရိုက် ရုပ်ထွက်လာဖို့ပဲ လိုတယ်။ iph တွေ ၁၈ သိန်း ၊ သိန်း နှစ်ဆယ်ပေးရတဲ့ ဖုန်းတွေဆိုရင် ကင်မရာကောင်းတယ်။ ရုံကြီးကားတွေအထိ အေးဆေးမှီတယ်။သူ့ဘာသာ ရှိလို့ပဲ လုပ်စားစား မရှိလို့ပဲ လုပ်စားစား မတားကြပါနဲ့…လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးလိုက်ကြပါ။ အစည်းအရုံးကတောင် တားပိုင်ခွင့်မရှိဘူးလို့ လူကြီးတွေက ပြောတယ်။ ကိုယ်က မကောင်းတဲ့စိတ်ထားရင် မကောင်းသလို ကောင်းတဲ့စိတ်ထားရင် ကောင်းသလို ဖြစ်သွားမှာပဲ။ ကိုယ့်ရွေးချယ်မှုက ကိုယ့်ရဲ့ ကံတရားပဲ ။ ” ဆိုကာ ဖြူဖြူထွေးရဲ့ အောင်မြင်အပေါ်မှာ သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးရေ ဖြူဖြူထွေးကတော့ တကယ့်ဝါရင့် မင်းသားကြီး မင်းသမီးကြီးတွေရဲ့ အားပေးချီးကျူးမှုကို ရရှိနေပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူပါနော်။ဖြူဖြူထွေးကို ကဲ့ရဲ့ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ချစ်ရတဲ့ ပရိတ်သတ်ကြီးက အားပေး အကြံပြုစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။Credit