အချစ်ကို ကိုးကွယ်မိခဲ့တာ နောင်တရတယ် ဆိုတဲ့ နေတိုးရဲ့ ရည်းစားဟောင်း ပန်းပန်

Posted on

အချစ်ကို ကိုးကွယ်မိခဲ့တာ နောင်တရတယ် ဆိုတဲ့ နေတိုးရဲ့ ရည်းစားဟောင်း ပန်းပန်ပန်းပန်ကတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူမရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့သလို ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေလောက်က ပန်းပန်နဲ့နေတိုး တို့ရဲ့ ပုံတွေပြ့န်လာခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပါတယ်။ ပန်းပန်ကတော့ ပြီးပြီးသားကိစ္စတွေ မေ့ပြစ်ခဲ့တာ ကြာပါပြီလို့ ပြောခဲ့ပါသေးတယ်။အချစ်ရေးနဲ့ ပတ်သက်ပြီး ပန်းပန်က ““အချစ်ကို ကိုးကွယ်မိလို့ အနုပညာအလုပ်ကို သေချာ မလုပ်နိုင်ဘဲ အလှမ်းဝေး ခဲ့ရတယ်။ လူဆိုတာ အမှားတွေ၊ အခက်အခဲတွေ ကြုံလာမှ နောက်ပိုင်းကျရင် ဆင်ခြင်နိုင်မယ့် သင်ခန်းစာရတာပါ။ စွန့်လွှတ်ခဲ့ရတာ အချိန်တွေပါ။ စိတ်ကုန်တာ၊ စိတ်နာသွားတာမျိုးတော့ မရှိပေမယ့် အချစ် ကို အချိန် မပေးချင်တော့ဘူး” လို့ပြောလာခဲ့ပါတယ်။လတ်တလောမှာတော့ ပန်းပန်ဟာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတဲ့ Active Now ဆိုတဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကားမှာ မိုးဆိုတဲ့ ကောင် မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ပန်းပန်ရဲ့ အချစ်ရေးအကြောင်းပြောပြလာတဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။Video ကြည့်ရန်

Video Source : Myanmar Celebrity