သီတင်းကျွတ်လာကန်တော့တဲ့ ဒီဇိုင်နာမင်းသက်စံကို တန်ဖိုးကြီးတဲ့စိန်လက်စွပ် လက်ဆောင်ပြန်ပေးလိုက်တဲ့ နေတိုးတို့မိသားစု

Posted on

သီတင်းကျွတ်လာကန်တော့တဲ့ ဒီဇိုင်နာမင်းသက်စံကို တန်ဖိုးကြီးတဲ့စိန်လက်စွပ် လက်ဆောင်ပြန်ပေးလိုက်တဲ့ နေတိုးတို့မိသားစုအကယ်ဒမီမင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး လူပျိုကြီးတစ်ယောက်လည်း ဖြစ်ပါတယ်နော်။နေတိုးက ရခိုင်တိုင်းရင်းသားဖြစ်လို့ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုလည်း လိုအပ်တာလေးတွေ အမြဲလုပ်ပေးနေတာဖြစ်ပါတယ်။နေတိုးကတော့ အေးအေးဆေးဆေးနေတတ်ပြီး တည်ကြည်ခန့်ညားလို့ မိန်းကလေးပရိသတ်တွေက ကြွေဆင်းနေရတာပဲဖြစ်ပါတယ်နော်။နေတိုးက မိသားစုကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ပေးပြီး မိခင်ကိုလည်း စိတ်ချမ်းသာအောင်ထားပေးတဲ့ သားလိမ္မာလေးဖြစ်ပါတယ်နော်။နေတိုးတို့မိသားစုဝင်တွေအကုန်လုံးက ‌စိတ်ဓာတ်ရိုးသားကြပြီး အေးအေးချမ်းချမ်းနေတတ်ကြလို့ လူချစ်လူခင်လည်းပေါများပါတယ်။အခုဆိုရင်လည်း ဒီဇိုင်နာ မင်းသက်စံက နေတိုးတို့အိမ်ကိုသွားပြီး သီတင်းကျွတ်အတွက် ကန်တော့ခဲ့တာဖြစ်ပါတယ်နော်။ဒီဇိုင်နာမင်းသက်စံကတော့”သီတင်းကျွတ်မှာ အမေ (အရီး) ၊အဖေ ၊အစ်ကို(ကိုနေတိုး) တို့ကို သွားကန်တော့တာပါ။ ဒီနှစ်ဝါကျွတ်မှာ ရတနာတွေ ထပ်ဝင်အောင် လာဘ်ဖွင့် တဲ့အနေနဲ့ စိန်လက်စွပ်လက်ဆောင် အစ်ကိုနဲ့ အမေတို့ဆီက ရပါတယ်။ ကျေးဇူးတင်ပါတယ်ဗျ။ပျော်စရာကြီး …အဲ့ဒါ လာကြွားတာ”ဆိုပြီး အပျော်တွေကို မျှဝေလာတာဖြစ်ပါတယ်။နေတိုးတို့မိသားစုကလည်း မိသားစုဝင်တစ်ယောက်လို ချစ်ခင်ရတဲ့ ဒီဇိုင်နာမင်းသက်စံကို မေတ္တာအပြည့်နဲ့လက်ဆောင်ပြန်ပေးလိုက်တာပါနော်။Swelsone News