မင်းလှမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကင်းလှည့်စဉ် သေနတ်ပြုတ်ကျပြီး ကျည်ဆန်ထိမှန်ကာ ကွယ်လွန်

Posted on


DVB

Zawgyi version

မင်းလှမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကင်းလှည့်စဉ် သေနတ်ပြုတ်ကျပြီး ကျည်ဆန်ထိမှန်ကာ ကွယ်လွန်ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရွှေလောင်းအုပ်စု ပန်းတော (၂) ရဲကင်းမှူး ဒုတပ်ကြပ်ခင်ကြိုင်ဟာ မနေ့ည ၉ နာရီဝန်းကျင်လောက်က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် လွယ်ထားတဲ့သေနတ်ပြုတ်ကျပြီး ကျည်ဆန်ပေါက်ထွက် ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် စစ်ကွင်းနယ်‌မြေရဲစခန်းက သိရပါတယ်။ရွှေလောင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ကျော်မင်းက “မနေ့က ည ၉ နာရီ ဝန်းကျင်လောက် သေနတ်သံကြားတဲ့အတွက်သွားကြည့်ရာ ပန်းတောရွာ (အလက)ခွဲကျောင်းအနီး လမ်းပေါ်မှာ ရဲကင်းမှူးကို ဒဏ်ရာတွေနဲ့ တွေ့တာ‌ကြောင့်နီးစပ်ရာ ထိန်တောဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်”လို့ ပြောပါတယ်။နိုဝင်ဘာ ၂၅ ရက်ညက ရဲတပ်သားသူရဟာ ဆိုင်ကယ်မောင်းပြီး ရဲကင်းမှူးက ဆိုင်ကယ်ရဲ့ နောက်မှာ သေနတ်လွယ် လိုက်ပါလာကာ နယ်မြေလှည့်ကင်းဆောင်ရွက်နေခဲ့တာပါ။ပန်းတောရွာစာသင်ကျောင်းရှေ့အရောက်မှာတော့ ရဲကင်းမှူးက အပေါ့ဆင်းသွားရာ လွယ်ထားတဲ့သေနတ်က မြေပေါ်သို့‌‌လျှောကျကာ ကျည်ပေါက်ထွက်မှုဖြစ်ပြီး သေဆုံးသွားတာလို့ လှည့်ကင်းလှည့်ရာမှာ အတူပါသွားတဲ့ ရဲတပ်သားသူရက ပြောတဲ့အကြောင်း စစ်ကွင်းနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် တင်လင်းနိုင်က ဆိုပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် စစ်ကွင်းနယ်မြေရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေ ပါတယ်။

DVB