ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာပေမယ့် တီရှပ်နဲ့ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပြီး ရိုးရိုးလေးပဲနေတတ်တဲ့ G

Posted on

ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာပေမယ့် တီရှပ်နဲ့ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပြီး ရိုးရိုးလေးပဲနေတတ်တဲ့ Gပြည်သူချစ်လေးတစ်ယောက်ဖြစ်လာတဲ့ Gကတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့တူမလေးဖြစ်ပြီး မိဘနှစ်ပါးကလည်း နာမည်ကြီးကြတဲ့သူတွေဖြစ်ပါတယ်။Gက ငယ်ငယ်ကတည်းက နိုင်ငံခြားမှာသွားရောက်နေထိုင်ခဲ့ပြီး ပညာတွေသင်ကြားခဲ့တာဖြစ်ပါတယ်နော်။ပညာရေးမှာလည်း ထူးချွန်ထက်မြက်ပြီး ဉာဏ်လည်းကောင်းတာကြောင့် Gက မိဘတွေရဲ့စီးပွားရေးမှာလည်း ကူညီလုပ်ကိုင်ပေးနေပြီဖြစ်ပါတယ်။Gကို ပရိသတ်တွေပိုသတိထားမိသွားစေတဲ့အချက်ကတော့ ကိုဗစ်ကာလမှာ လူနာတင်ယာဉ်တွေကို ကိုယ်တိုင်မောင်းပေးတဲ့အပြင် The Voice Myanmarမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။Gကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် ပရဟိတစိတ်ဓာတ်အပြည့်ရှိလို့ စွမ်းစွမ်းတမံကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။Gရဲ့ အပြုအမူ၊အပြောအဆိုတွေကလည်း ရိုးသားပွင့်လင်းပြီး အရှိကိုအရှိအတိုင်းပြောတတ်တဲ့သူလေးဖြစ်ပါတယ်နော်။Gကတော့ တစ်ခါတလေ ခပ်မိုက်မိုက်လေးဝတ်စားဆင်ယင်ရင်လည်း ငေးမောရလောက်အောင် ဆွဲဆောင်မှုရှိတဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ Gက ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီး အများအကျိုးကိုသယ်ပိုးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သနပ်ခါးလေးလိမ်းထားပြီး ရိုးရိုးလေးနဲ့ အရမ်းလှနေတဲ့ Gရဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source&Photo Credit:G Vocals’s Facebook Page