ကုန်တင်ကားဘရိတ်ပေါက်၍စက်ဘီးနှင့်ဆိုင်ကယ်အားဝင်တိုက်ရာ ၂ ဦးနေရာမှာတင်သေဆုံး

Posted on

ကုန်တင်ကားဘရိတ်ပေါက်၍စက်ဘီးနှင့်ဆိုင်ကယ်အားဝင်တိုက်ရာ ၂ ဦးနေရာမှာတင်သေဆုံးယနေ့ ညနေ ၄ နာရီခန့်က ပဲခူးမြို့ကျောက်တွင်းကုန်းလမ်းဆုံမီးပွိုင့်တွင် ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး စက်ဘီးစီးလာသူ ၁ ဦး နှင့်ဆိုင်ကယ်စီးလာသူ ၁ ဦးတို့အားဝင်တိုက်မိရာ ၂ ဦးစလုံးအခင်းဖြစ်ပွားသည့်နေရာတွင် ပွဲခြင်းပြီးသေဆုံးသွားသည်။

ဖက်တန်းကနေအရှိန်နဲ့မောင်းလာတာ စက်ဘီးသမားကိုအရင်တိုက်ပြီး ဆိုင်ကယ်သမားကိုတိုက်တာ ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကဆိုသည်။သေဆုံးသွားသော စက်ဘီးစီးလာသည့်အမျိုးသမီးနှင့်ဆိုင်ကယ်စီးလာသည့်အမျိုးသားတို့မှာကျောက်တွင်းကုန်းမီးပွိုင့်တွင်မီးနီနေသဖြင့်ရပ်စောင့်နေစဉ် ကုန်တင်ကားမှ ဝင်တိုက်မိခြင်းဖြစ်သည်။ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးတာဝန်ရှိသူများစုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု သိရှိပါသည်။

Photo MgSai