ရွှေတိဂုံဘုရားကို လမ်းပေါ်ကနေ ဖူးမြှော်ရတဲ့ ဘုရားဖူးတွေအတွက် အေးအေးဆေးဆေးဝတ်ပြုနိုင်ဖို့ ခုံလေးတွေလှူဒါန်းပေးခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)

Posted on

ရွှေတိဂုံဘုရားကို လမ်းပေါ်ကနေ ဖူးမြှော်ရတဲ့ ဘုရားဖူးတွေအတွက် အေးအေးဆေးဆေးဝတ်ပြုနိုင်ဖို့ ခုံလေးတွေလှူဒါန်းပေးခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)နာမည်ကြီး မိတ်ကပ်ဖန်တီးရှင် တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော် နေတတ်တဲ့ သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ရဲရင့်ထက်မြက်လွန်းတဲ့ ညီညီမောင် (စမ်းချောင်း) ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ညီညီမောင်(စမ်းချောင်း) က သူကိုယ်တိုင် ရုပ်ရှင်နဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်လာတာကို တွေ့ရပါတယ်။လက်ရှိကိုဗစ်ကာလမှာ အလုပ်လေးတွေလုပ်လိုက် အလှူလေးတွေလုပ်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ညီညီမောင် (စမ်းချောင်း) က ဒီတစ်ခါမှာလည်း ရွှေတိဂုံဘုရားကို ဖူးမြှော်တဲ့ ဘုရားဖူးပြည်သူတွေအတွက် အလှူလေးတစ်ခုကို ပြုလုပ်လာပါတယ်။ ညီညီမောင်(စမ်းချောင်း) က “ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ် ဘုရားဖူးများ ထိုင်ရှစ်ခိုးဖို့ ခုံ တွေလှူဖြစ်ပါတယ် နိုင်သလောက် ကုသိုလ်ပေါ့ရှင်။ ဘုရားဖူးတွေ ကျောက်ပြားပေါ် မထိုင်ပဲ ခုံလေးပေါ်ကနေ ဝတ်ပြုနိုင်အောင်ပါ။ ကုသိုလ် ထပ်တူရကျပါစေနော် တန်ဆောင်တိုင် လပြည့်ညအကြို ကုသိုလ်🙏🏻❤️” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။ညီညီမောင်(စမ်းချောင်း) ကတော့ ဘုရားတွေမဖွင့်သေးချိန်မှာ ရွှေတိဂုံဘုရားကို လမ်းပေါ်ကနေ ဖူးမြှော်ရတဲ့ ဘုရားဖူးတွေအတွက် အေးအေးဆေးဆေးဝတ်ပြုနိုင်ဖို့အတွက် စိတ်ကူးကောင်းကောင်းနဲ့ ခုံလေးတွေလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်