နေ့ထူးနေ့မြတ်လေးမှာ တစ်သောင်းတန်အထပ်လိုက်ကိုပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုး

Posted on

နေ့ထူးနေ့မြတ်လေးမှာ တစ်သောင်းတန်အထပ်လိုက်ကိုပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုးရုပ်ရည်ချောမောလှပသလို စိတ်ထားကောင်းတဲ့ အဆိုတော်၊မင်းသမီးချောလေးကတော့ နန်းဆုရတီစိုးပါ။ အနုပညာလောကမှာနှစ်ပေါင်းများစွာလျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်တွေကို ရယူပိုင်ဆိုင်ထားဆဲသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နန်းဆုကတော့ နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ယူဖို့အတွက်ကြိုးစားနေတာပါ။နန်းဆုကတော့တန်ဆောင်းမုန်းလပြည့်နေ့မှာ ပံ့သကူလှူမယ့်အကြောင်းကို “တန်ဆောင်မုန်းလပြည့်နေ့ မှာ ပံ့သကူအလှူလေးတွေ လှူဖို့အတွက် ပြင်ဆင်နေကြပုံလေးတွေပါ ချစ်စရာအစဉ်အလာအလေ့အကျင့်လေးမို့ နန်းဆုလည်း ဝမ်းသာပျော်ရွှင်စွာ လိုက်လုပ်ဖြစ်ပါတယ် ပံ့သကူအလှူလေးတွေ ရရှိသူတွေအားလုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင့် နန်းဆုတို့ ပံသကူပစ်ဖို့ ပြင်ဆင်နေကြတာနဲ့ လိုက်ပစ်တဲ့ video လေးကို ညကျ တင်ပေးမယ်နော် ချစ်ပရိတ်သတ်တွေ အားလုံး တန်ဆောင်မုန်းလပြည့်နေမှာ ပျော်ရွှင်ကြပါစေ အပူအပင်တွေကင်းဝေးပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။ဒါ့အပြင်ပြင်ဆင်နေတဲ့ပုံလေးတွေကိုလည်းမျှဝေခဲ့တာဖြစ်ပြီး တစ်သာင်းဆန်အထပ်လိုက်ကိုလှူဒါန်းဖို့အတွက်ပြင်ဆင်နေတာကိုလည်း တွေ့ရမှာပါ။ ရုပ်ချောသလော စေတနာသဒ္ဓါတရားထက်သန်လွန်းသူလေးပါပဲနော်…Source : NansuYatiSoe

Credit. Cele gabar