မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တဲ့ ကြော်ငြာနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာတဲ့ ဖြူဖြူထွေး

Posted on

မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တဲ့ ကြော်ငြာနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာတဲ့ ဖြူဖြူထွေးအွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ နောက်ပိုင်းမှာ အွန်လိုင်းကြော်ငြာလေးတွေကို ရိုက်ကူးလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ထိုကြော်ငြာထဲက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေက အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေအပြင် လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းက ရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေးကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီးအနေနဲ့တောင်းပန်ပါတယ် 🙏🙏🙏 ဇာတ်လမ်း ဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့အဆင့်အတန်းကို သမီးလေ့လာမထားမိပါဘူး။ အဲ့ဒါကြောင့် သမီးရဲ့ သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ် ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီးအနေနဲ့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။ နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ်🙏🙏🙏” ဆိုပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့ပါတယ်။ဒါရိုက်တာ စတီးလ်ရိုက်ကူးခဲ့ပြီး ဖြူဖြူထွေး သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာတွေကတော့ မြန်မာနိုင်ငံအတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တာကြောင့် အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့်လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့တကွ ပရိသတ်ကြီးလည်း နားလည်ခွှင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe & Myanmar Professional Secretary Association’s fb
Bilie – Cele Connections