တန်ဖိုးများတဲ့ ငွေကြေးတွေနဲ့အတူ မြန်မာဝမ်းဆက်၊ ဆန်အိတ်များစွာကို ပံ့သကူအလှူအဖြစ် လှူဒါန်းလိုက်တဲ့ သရုပ်ဆောင် ဖြူဖြူထွေး

Posted on

တန်ဖိုးများတဲ့ ငွေကြေးတွေနဲ့အတူ မြန်မာဝမ်းဆက်၊ ဆန်အိတ်များစွာကို ပံ့သကူအလှူအဖြစ် လှူဒါန်းလိုက်တဲ့ သရုပ်ဆောင် ဖြူဖြူထွေးချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် ဖြူဖြူထွေးကတော့ တန်ဆောင်မုန်းလပြည့်ညမှာ အလှူပြုရတဲ့ ပံ့သကူပစ်တဲ့အလှူလေးမှာ ပါဝင်လိုက်ပြန်ပါပြီ ။ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖြူဖြူထွေးက ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ကိုင်လေ့ရှိသူဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့ သူလေးပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် အများက အချစ်ပိုကာ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ အနုပညာကြိုးစားမှုတွေကလည်း အံ့မခန်းဖြစ်ပြီး ဝေဖန်သံတွေကိုလည်း အောင်မြင်မှုတွေအဖြစ် ပြောင်းလဲနိုင်သူလို့ အများက ချီးကျူးကြတာကို တွေ့ရပါတယ်။ လက်ရှိမှာဆိုရင်လည်း ဖြူဖြူထွေးက အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်လေ့ရှိတာဖြစ်ပြီး ယနေ့ည ပံ့သကူအလှူအတွက်ကိုယ်တိုင် လုပ်ကိုင်ပေးနေတာပါ။ ဒါကတော့ သောင်းတန်ပိုက်ဆံတွေနဲ့အတူ မြန်မာဝတ်စုံ ၊ ဆန်အိတ်တွေကို ကိုယ်တိုင်ထုပ်ပိုးကာ လုပ်အားပေးနေခဲ့တဲ့ ပုံလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာတာပါ။ ပုံလေးတွေအပြင် ” ဒီနေ့ည ဖြူဖြူပံ့သကူပစ်ပါ့မယ် ဘယ်နေရာလဲဆိုတော့ (၁၀)သိန်း ရယ် မြန်မာ့ဝမ်းဆက်ရယ် ဆန်ရယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ သိရှိစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်….. ။Photo credit – Phyu Phyu Htwe’s Facebook Account
Source & Photo credit – Phyu Phyu Htwe’s Facebook Account