အိမ်နီချင်းကောင်း မပီသတဲ့ သာကောကြီး ဝင်ဝင်မွှေနေချိန်မှာ လက်ရှိ မိတ်ဆွေကောင်း ပီသတဲ့ ဂြ ပန်ကတော့ သင့်မြတ်အောင် စွမ်းဆောင်ပေးနေလေရဲ့

Posted on

အိမ်နီချင်းကောင်း မပီသတဲ့ သာကောကြီး ဝင်ဝင်မွှေနေချိန်မှာ လက်ရှိ မိတ်ဆွေကောင်း ပီသတဲ့ ဂြ ပန်ကတော့ သင့်မြတ်အောင် စွမ်းဆောင်ပေးနေလေရဲ့ဂြ ပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ရခိုင်အမျိုးသားပါတီ တွေ့ဆုံ

ဂြ ပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာဆာကာဝါ နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့အဖွဲ့ဟာ ရခိုင်အမျိုးသားပါတီ ANP နဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၈ မွန်းလွဲ ၂ နာရီခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။အထူးကိုယ်စားလှယ်နဲ့အဖွဲ့တို့ဟာ မနက်ပိုင်း ၈ နာရီခွဲမှာ စစ်တွေမြို့ကို လေကြောင်းကနေတစ်ဆင့် ရောက်ရှိလာခဲ့ကြပြီး လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ဒေသတွေကို ရဟတ်ယာဉ်နဲ့သွားရောက် လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ညနေပိုင်းမှာတော့ ဒေသခံသတင်းသမားတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားဖို့ရှိတယ်လို့သိရပါတယ်။အခုလာရောက်ခဲ့တဲ့ခရီးစဉ်မှာတော့ ရခိုင်မြောက်ပိုင်းက စစ်ပွဲရပ်စဲရေးကိစ္စအပါအဝင် ရွေးကောက်ပွဲမကျင်းပခဲ့တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကိစ္စတွေကိုပါ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။CRD_ဘီဘီစီမြန်မာပိုင်း

CRD_ဧရာဝတီ ကလျာသီ