ကျူးကျော်အိမ်ယာများနဲ့ ကုန်တင်ဆိပ်ကမ်းများမှာ ငွေကျပ် ၄ သိန်းကျော်ကို ပံ့သကူပြစ်မယ့်အကြောင်း ပြောခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ကျူးကျော်အိမ်ယာများနဲ့ ကုန်တင်ဆိပ်ကမ်းများမှာ ငွေကျပ် ၄ သိန်းကျော်ကို ပံ့သကူပြစ်မယ့်အကြောင်း ပြောခဲ့တဲ့ ခိုင်နှင်းဝေပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာအလုပ်များအပြင် ပရဟိတလုပ်ငန်းများကိုလည်း အစဉ်တစိုက် လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ မိဘမဲ့ကလေးငယ်များကို စောင့်ရှောက်ရေးဂေဟာဖွင့်ပြီး စောင့်ရှောက်ထားကာ တဖက်တလှမ်းမှာလည်း ငွေကြေးချို့တဲ့သူများကိုလည်း ကူညီပေးနေခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးငယ်လေးနဲ့အတူ ပျော်စရာကောင်းတဲ့ သူမရဲ့ နေ့စဉ်ဖြတ်သန်းပုံများကိုလည်း ဖေ့ဘုတ်မှတဆင့် မျှဝေပေးနေသူပါ။ယနေ့ တန်ဆောင်မုန်းလပြည့်ညမှာတော့ ငွေကြေးချို့တဲ့သူများအတွက် ငွေကျပ် ၄ သိန်းကျော်ဖိုးကို ပံ့သကူပြစ်မယ့်အကြောင်းကို အခုလိုပဲ မျှဝေခဲ့ပါတယ်။ ” ကျုးကျော်အိမ်ယာများ ၊ သံလမ်းနှင့် ကုန်တင်ဆိပ်ကမ်းနေရာများတွင် ပံ့သကူ သွားပစ်ပါမယ်ရှင်…ပံ့သကူ အလှူငွေ (၄)သိန်း (၆) သောင်းကျပ် ဖြစ်ပြီးခုနှစ်ရက်သားသမီး အလှူရှင်များရဲ့ အလှူငွေများ နှင့် ကျမ၏ သန့်ရှင်းသော လုပ်အားခများ ပါဝင်ပါတယ်ရှင်….ခုနှစ်ရက်သားသမီး အလှူရှင်များနှင့် ပံ့သကူရသော သူများ ကျန်းမာ ချမ်းသာ၍ ဘေးရန်ကင်းရှင်း ကြပါစေရှင်…🙏🙏🙏” ဆိုကာ ပြောခဲ့ပါတယ်။

ခိုင်နှင်းဝေရဲ့ ပံ့သကူအလှူငွေများကို အမှန်တကယ် လိုအပ်နေသူများ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင်။