သူမအရမ်းချစ်ရတဲ့ ကိုစိုးသူရဲ့ (၅၅)နှစ်ပြည့်မွေးနေ့မှာ အလှူတွေလုပ်ရင်းဆုတောင်းပေးလိုက်တဲ့ စိုးမြတ်နန္ဒာ..

Posted on

သူမအရမ်းချစ်ရတဲ့ ကိုစိုးသူရဲ့ (၅၅)နှစ်ပြည့်မွေးနေ့မှာ အလှူတွေလုပ်ရင်းဆုတောင်းပေးလိုက်တဲ့ စိုးမြတ်နန္ဒာ..ပရိသတ်ကြီးရေ အကယ်ဒမီစိုးမြတ်နန္ဒာကတော့ ယနေ့အချိန်ထိတိုင်လှပနုပျိုနေဆဲဖြစ်လို့ ကျက်သရေနဲ့ပြည့်စုံစွာလှပနေတာဖြစ်ပါတယ်။စိုးမြတ်နန္ဒာတို့ညီအစ်မတွေက တစ်ယောက်တစ်မျိုးလှကြပြီးပရိသတ်တွေလည်း ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်နော်။စိုးမြတ်နန္ဒာကတော့ လက်ရှိမှာဆိုရင် “မင်းသမီးပိုးထည်တိုက်”ကို ဦးစီးနေပြီး ဆိုင်မှာပဲအချိန်ပြည့်နေထိုင်နေတာဖြစ်ပါတယ်။စိုးမြတ်နန္ဒာကတော့ ဘာသာတရားလည်းကိုင်းရှိုင်းပြီး တရားစခန်းတွေလည်းတစ်ခါတလေ ဝင်ဖြစ်ပါတယ်နော်။တရားဘာဝနာ‌ပွားများလို့ စိုးမြတ်နန္ဒာရဲ့မျက်နှာလေးကလည်း ကြည်လင်အေးချမ်းပြီး အမြဲတမ်းဝင်းပနေတာဖြစ်ပါတယ်။စိတ်သဘောထားလည်းပြည့်ဝပြီး ပျော်ပျော်နေတတ်တဲ့ စိုးမြတ်နန္ဒာက ချစ်သူခင်သူတွေလည်းပေါများပါတယ်နော်။စိုးမြတ်နန္ဒာက တန်ဆောင်မုန်းလပြည့်နေ့လေးမှာ လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ပိုက်ဆံကို ပံသကူပစ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင် စိုးသူရဲ့ (၅၅)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ စိုးမြတ်နန္ဒာက”ပံ့သကူ ပစ်ရင်း ဘစိုး မွေးနေ့ ကို ကူး …သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ “ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပါတယ်။ စိုးမြတ်နန္ဒာနဲ့စိုးသူတို့ကတော့ အေးအေးချမ်းချမ်းနဲ့ကုသိုလ်တွေအတူတူပြုလုပ်နေကြလို့ ကြည်နူးစရာကောင်းလှပါတယ်နော်။ Source&Photo Credit:Soe Myat Nandar’s Facebook Page
MM Load